
ဆန်စပါးကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ဆန်စပါးဥပဒေကို လည်း မကြာမီ ထုတ်ပြန်ပြဋ္ဌာန်းနိုင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင် က ပြောကြားသည်။
ဇွန် ၃၀ ရက်က နေပြည်တော်ရှိ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရုံးတွင် ကျင်းပသည့် သိုလှောင်ရုံကုန်အပ်လက် မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှု စနစ်((Warehouse Receipt Financing System) အကောင်အထည်ဖော်ဆောင်ရွက် ရေး အလုပ်ရုံဆွေးနွေးပွဲ အဖွင့်အမှာစကား ပြောကြားရာတွင် ဒုတိယဝန်ကြီးက အထက်ပါ အတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“မိမိတို့ဝန်ကြီးဌာနအနေနှင့်လည်း နိုင်ငံ တော်ရဲ့ တာဝန်ပေးချက်အရ ဆန်စပါးကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တာ ဝန်ခံဝန်ကြီးဌာနအနေနဲ့ အကောင်အထည် ဖော် ဆောင်ရွက်လျက် ရှိပါတယ်။ ဒါ့အပြင် ဝန်ကြီးဌာနအနေနဲ့ ဆန်စပါးဥပဒေကို ရေးဆွဲ ပြုစုထားပြီးဖြစ်ရာ ဥပဒေရေးရာဝန်ကြီးဌာနရဲ့ သဘောထားမှတ်ချက် တောင်းခံရယူဆောင် ရွက်လျက်ရှိပြီး မကြာခင်မှာ ထုတ်ပြန်ပြဋ္ဌာန်း နိုင်တော့မှာ ဖြစ်ပါတယ်။ ဆန်စပါးဥပဒေမှာ ရိတ်သိမ်းချိန်လွန်နောက်ပိုင်း ကိုင်တွယ်ထိန်း သိမ်းမှုအတွက် အဓိကကျတဲ့ လုပ်ငန်းတွေအ ပေါ်မှာ စနစ်တကျ ထိန်းကျောင်းကြပ်မတ်နိုင် ဖို့အတွက် ပြည့်ပြည့်စုံစုံ ထည့်သွင်းရေးဆွဲထား ပါတယ်” ဟု ဒုတိယဝန်ကြီးက ပြောကြား သည်။
တောင်သူလယ်သမားများ၏ အခွင့်အ ရေးများနှင့် အကျိးစီးပွားများကို ကာကွယ် ပေးခြင်း၊ မြှင့်တင်ဆောင်ရွက်ခြင်းတို့သည် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ် ထားသည့် ဦးတည်ချက်များနှင့် မူဝါဒများကို အကောင်အထည်ဖော်ရာရောက်သလို နိုင်ငံ ၏ အကျိးစီးပွားကို ကာကွယ်ပေးခြင်း၊ စီးပွား ရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေး နေခြင်းလည်းဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
ဒုတိယဝန်ကြီးက “တောင်သူလယ်သမား တွေရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေနဲ့ အကျိးစီးပွားတွေ ရရှိစေဖို့အတွက် တောင်သူ လယ်သမားအခွင့်အရေးကာကွယ်ရေးနဲ့ အကျိးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌက ဦးဆောင်ပြီးတော့ နိုင်ငံ့စားရေရိက္ခာ ဖူလုံရေး၊ နိုင်ငံသူ နိုင်ငံသားများ အာဟာရ ပြည့်ဝရေး၊ စိုက်ပျိးမွေးမြူရေးကဏ္ဍမှ ထုတ် ကုန်များ ပြည်ပသို့ ပိုမိုတင်ပို့ရောင်းချနိုင်ရေး၊ တောင်သူလယ်သမားများ ဝင်ငွေတိုးတက်ရေး နှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရေးအတွက် ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်” ဟု ဆိုသည်။
ထို့ပြင် တောင်သူလယ်သမား အခွင့်အ ရေး ကာကွယ်ရေးနှင့် အကျိးစီးပွားမြှင့်တင်ရေးဥပဒေကို ၂၀၁၃ ခုနှစ်တွင် စတင်အတည် ပြုပြဋ္ဌာန်းခဲ့ပြီး ဥပဒေ၏ အခန်း (၄)ပါ ပုဒ်မ (၈) ပုဒ်မခွဲ (ဃ) အရ တောင်သူလယ်သမား များအနေနှင့် လယ်ယာထွက်ကုန်များကို အာမခံထားရှိခွင့်ရှိပြီး ဦးဆောင်အဖွဲ့အနေနှင့် လယ်ယာထုတ်ကုန်များကို အာမခံထားသည့် စနစ်၊ ကုန်လှောင်ရုံများတွင် အပ်နှံသည့်စနစ်၊ သီးနှံအပေါင်ထားသည့်စနစ်နှင့် စိုက်ပျိးရေး နှင့် မွေးမြူရေးလုပ်ငန်းများတွင် အကျိးတူပူး ပေါင်းဆောင်ရွက်သည့် စနစ်တို့နှင့် အလေ့အ ကျင့်များ ရရှိစေရေးအတွက် သက်ဆိုင်ရာ ပုဂ္ဂ လိက၊ ကုမ္ပဏီ၊ အသင်း၊ လုပ်ငန်းအဖွဲ့များ အနေဖြင့် ချိတ်ဆက်နိုင်ရန်အတွက် တည်ဆဲ ဥပဒေများနှင့်အညီ ညှိနှိုင်းကူညီ ဆောင်ရွက်ရ မည်ဟု ဖော်ပြထားကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
“လယ်ယာထွက်ကုန်သီးနှံတွေထဲမှာ စပါးဟာ အဓိကသီးနှံဖြစ်ပြီး ပြည်တွင်းမှာ အဓိကစားသုံးတဲ့ အခြေခံ စားသောက်ကုန် ဖြစ်သလို ပြည်ပကို အဓိက တင်ပို့ရောင်းချနေ တာလည်း ဖြစ်တဲ့အတွက် ဆန်စပါးကဏ္ဍ တညငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဟာ အရေး ပါတဲ့ ကဏ္ဍတစ်ရပ်ဖြစ်တယ်။ ဒါ့ကြောင့် ခေတ်အဆက်ဆက် အစိုးရဌာန၊ အဖွဲ့အစည်း များက ဆန်စပါးကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်လာဖို့အတွက် မြန်မာနိုင်ငံနဲ့ ကိုက်ညီ တဲ့ ဥပဒေနဲ့ မူဝါဒတွေကို ချမှတ်ဆောင်ရွက် ခဲ့ကြပါတယ်” ဟု ဒုတိယဝန်ကြီးက ဆိုသည်။
ဝန်ကြီးဌာနအနေဖြင့် မြန်မာ့ဆန်စပါး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပို့ကုန်မြှင့် တင်ရေးမူဝါဒ၏ အဓိကအခန်းကဏ္ဍအဖြစ် အမျိးသားပို့ကုန်မဟာဗျူဟာ (National Export Strategy-NES))ကို ၂၀၁၃ ခုနှစ်တွင် စတင်ရေးဆွဲခဲ့ပြီး ဦးစားပေးကဏ္ဍ ၁၃ ခုနှင့် ကုန်သွယ်မှုအထောက်အကူပြုကဏ္ဍငါးခုကို ရွေးချယ်ခဲ့ပြီး ဆန်နှင့် ဆန်ထွက်ပစ္စည်းကဏ္ဍကို အဓိက ကဏ္ဍအဖြစ် ထည့်သွင်းဆောင်ရွက် လျက်ရှိကြောင်း ဒုတိယဝန်ကြီးက ဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်