
ရန်ကုန်မြို့ ကန်တော်ကြီး ပန်းကန်လုံးကျွန်းအနီး အသက် ၆၅ အရွယ် အမျိုးသားတစ်ဦး ရေနစ်သေဆုံးမှု ဇူလိုင် ၁ ရက်က ဖြစ်ပွားခဲ့သည်။
ဇူလိုင် ၁ ရက် ၊ ည ၆ နာရီခန့်တွင် ရန်ကုန်မြို့ ကန်တော်ကြီး ပန်းကန်လုံးကျွန်းအနီးတွင် လူတစ်ဦးရေနစ်သေဆုံးကြောင်း သတင်းရသဖြင့် မင်္ဂလာတောင်ညွန့်လူငယ်လူမှုကူညီရေးအသင်းမှ သွားရောက်ခဲ့သည်။
အသက် ၆၅ နှစ်အရွယ် အမျိုးသားတစ်ဦး ရေနစ်သေဆုံးခြင်းဖြစ်ကြောင်း မင်္ဂလာတောင်ညွန့်လူငယ်လူမှုကူညီရေးအသင်းမှ စုံစမ်းသိရှိရသည်။
"သတင်းရလို့ သွားရောက်ခဲ့တာပါ။ သေဆုံးသူက ၆၅ နှစ်ပါ။ မိသားစုနဲ့လည်း အဆက်အသွယ်ရပါတယ်။ သူ့မိသားစုက နေ့လည်တည်းက ရှာနေတာလို့ သိရပါတယ်"ဟု မင်္ဂလာတောင်ညွန့်လူငယ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အခင်းဖြစ်နေရာသို့ တောင်ညွန့်ကွန်ယက်အသင်းများနှင့် မင်္ဂလာတောင်ညွန့်လူငယ်လူမှုကူညီရေးအသင်းတို့ ပူးပေါင်းရှာဖွေရေးများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်