
၂၀၂၄ ခုနှစ်အတွင်း မွန်ပြည်နယ်၌ မြေမြှုပ်မိုင်းပေါက်ကွဲမှုများကြောင့် တစ်ဦးသေဆုံးကာ ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များ၏ သတင်းဖော်ပြချက်များအရ သိရသည်။
မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲမှုဖြစ်စဉ်များမှာ သံဖြူဇရပ်မြို့နယ်အတွင်း ရှစ်ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး ကျိုက်ထို၊ကျိုက်မရောနှင့် ရေးမြို့နယ်များတွင်လည်း တစ်ကြိမ်ထက်မနည်းဖြစ်ပွားခဲ့သည်။
မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သူမှာ သံဖြူဇရပ်မြို့နယ် ပငကျေးရွာနေ အသက် ၂၀ အရွယ် မောင်သက်အောင်ဆိုသူဖြစ်ကြောင်း၊ ၎င်းမှာဒီဇင်ဘာ ၄ ရက်က ကုန်းမြင့်သာယာကျေးရွာဘက်တွင် ရော်ဘာ စေးလှီးရန်အတွက်ဟုဆိုကာ နေအိမ်မှထွက်ခွာသွားကြောင်းနှင့် ဒီဇင်ဘာ ၇ ရက်နောက် ပိုင်းတွင် ၎င်းင်းနှင့် ၎င်းင်း၏ မိသားစုဝင်များ အဆက်အသွယ်ပြတ်သွားခဲ့ကြောင်း ၎င်း၏မိသားစုဝင်များနှင့် နီးစပ်သူတစ်ဦး၏ပြော ကြားချက်အရ သိရသည်။
ထို့နောက် ၎င်း၏ မိသားစုဝင်များက လိုက်လံရှာဖွေခဲ့ရာ ဒီဇင်ဘာ ၁၀ ရက်တွင် သံဖြူဇရပ်မြို့နယ် စခန်းကြီးကျေးရွာအုပ်စု ကုန်းမြင့်သာယာကျေးရွာအနီး ရော်ဘာခြံအတွင်း မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ရရှိခဲ့သောဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။
အလားတူ မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုများကြောင့် ဒဏ်ရာရရှိခဲ့ကြသူများတွင် အမျိုးသမီးသုံးဦးနှင့် အမျိုးသားခုနစ်ဦးထက်နည်းရှိခဲ့ကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်