Top News

လိုင်လီအသင်းမှ ကနေဒါတိုက်စစ်မှူး ဂျိုနသန်ဒေးဗစ်ကို ခေါ်ယူရန် လီဗာပူးလ် ချိန်ရွယ်နေ
24htopnews | January 4, 2025 2:12 PM CST

 

လီဗာပူးလ်အသင်းသည် လိုင်လီအသင်းမှ ကနေဒါတိုက်စစ်မှူး ဂျိုနသန်ဒေးဗစ်ကို ခေါ်ယူရန် ချိန်ရွယ်နေကြောင်း သိရသည်။ 

လီဗာပူးလ်အသင်းသည် ဥရုဂွေးတိုက်စစ်မှူး ဒါဝင်နူးညက်ဇ်၏ ခြေစွမ်းကို အားရကျေနပ်ခြင်းမရှိသည့်အတွက် ဂျိုနသန်ဒေးဗစ်နှင့် အစားထိုးရန် ရည်ရွယ်နေခြင်းဖြစ်ကြောင်း သိရသည်။ 

အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်သည့် ဂျိုနသန်ဒေးဗစ်သည် ယခုရာသီတွင် လိုင်လီအသင်း၏ အဓိကတိုက်စစ်မှူးအဖြစ် ခြေစွမ်းပြနေသောသူဖြစ်သည်။

၎င်းအား ခေါ်ယူရန် ပရီးမီးယားလိဂ်အသင်းများအပြင် ဥရောပထိပ်သီးအသင်းများစွာကလည်း စိတ်ဝင်တစားဖြင့်စောင့်ကြည့် နကြောင်းလည်း သိရသည်။ 

ဂျိုနသန်ဒေးဗစ်သည် ယခုရာသီတွင် လိုင်လီအသင်းအတွက် ပြိုင်ပွဲစုံ ၂၆ ပွဲ ကစားထားပြီး ၁၇ ဂိုးသွင်းယူပေးထားသည်။


READ NEXT
Cancel OK