
လှိုင်သာယာမြို့နယ်ရှိ KTV ဆိုင်တစ် ဆိုင်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း ဇန်နဝါရီ ၂၀ ရက် တွင် ရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၉ ရက် ည ၇ နာရီခန့်တွင် လှိုင်သာယာမြို့နယ် စက်မှုဇုန် ၂၊ စျေးလမ်းရှိ KTV ဆိုင်တစ်ဆိုင်တွင် မီးလောင်မှုဖြစ်ပွားကြောင်းသိရသဖြင့် သက်ဆိုင်ရာမြို့နယ်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူ များ၊ မြို့နယ်ရဲတပ်ဖွဲ့မှတာဝန်ရှိသူများ သွားရောက်မီးငြိှမ်းသတ်စစ်ဆေးခဲ့ရာ ယင်း KTV အထက်ထပ်ရှိ အခန်းတစ်ခန်းမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုသို့ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများက မီးစတင်လောင်ခဲ့သော အခန်းအား စစ်ဆေးရာ ယင်းအခန်းအတွင်းရှိ ၀ိုင်ယာကြိုးများပူးကပ်၍ မီးပွားများထွက်ကာ အနီးရှိ နံရံကပ်ဖော့များသို့ မီးကူးစက်လောင် ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းသို့ မီးလောင်မှုကြောင့် မီးစတင်၍ လောင်ကျွမ်း သည့်အခန်းနှင့် ကပ်လျက်အခန်းတွင် အလုပ် လုပ်နေသည့် ဆိုင်ဝန်ထမ်းအမျိုးသမီးတစ်ဦး မီးခိုးငွေ့ မွှန်၍ အသက်ရှုကျပ်ကာ သေဆုံးခဲ့ သည့်အပြင် ဆိုဖာခုံများ၊ တီဗွီ၊ ကာရာအိုကေ စက်တို့မှာ မီးလောင်ဆုံးရှုံးခဲ့သည်။
အဆိုပါမီးလောင်မှုဖြစ်စဉ်မှ ယင်း KTV ဆိုင်မန်နေဂျာဖြစ်သူအား လှိုင်သာယာမြို့မရဲ စခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၄ (က)/၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်