
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန် ကြီး ဦးကျော်မျိုးထွဋ်နှင့် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ (ရွှေ့ပြောင်းလုပ်သားရေးရာ) ဒုတိယဝန်ကြီး မစ္စတာအဲကွာဒိုဟို ဆေးဒီ ဗေဒဂါ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့သည် ဇွန်လ ၃၀ ရက်က နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ပိုမိုတိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်သည့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ ဒေသတွင်း ဆိုက်ဘာရာဇဝတ်မှုများ တိုက်ဖျက်ရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ရေး၊ ဖိလစ်ပိုင်နိုင်ငံ ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေး၊ ဒေသဆိုင်ရာနှင့်နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သွားရေးနှင့် နှစ်နိုင်ငံအကျိုး တူ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။
အလားတူ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်သည် ဖိလစ်ပိုင်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာအဲကွာဒို ဟိုဆေးဒီဗေဒဂါ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဇွန်လ ၃၀ ရက်မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ အမျိုးသားမှတ်ပုံတင်နှင့်နိုင်ငံသားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထိန်ဝင်း၊ ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ယဉ်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
ယင်းတွေ့ဆုံမှုတွင် မြန်မာ-ဖိလစ်ပိုင် နှစ်နိုင်ငံအကြား လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုအခြေအနေ၊ နှစ်နိုင်ငံပြည်ဝင်ဗီဇာခွင့်ပြုဆောင်ရွက် ပေးမှုနှင့်မြန်မာနိုင်ငံအတွင်းရောက်ရှိနေသည့် ဖိလစ်ပိုင်နိုင်ငံသားများ၏ နေခွင့်သက်တမ်း တိုးမြှင့်ဆောင်ရွက်ပေးမှုအခြေအနေ၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများနှင့် လူကုန်ကူးမှု တားဆီးကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းများတွင် ဝန်ကြီးဌာနအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်မှုအခြေအနေ၊ လူကုန်ကူးခံရသူများအတွက် နှစ်နိုင်ငံအပြန်အလှန်ကူညီ ဆောင်ရွက်ပေးနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်