
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်သည် မြန်မာနိုင်ငံနှင့်ရုရှားနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနီးကပ်ခိုင်မာအောင် စွမ်းစွမ်းတမံ တည်ဆောက်နိုင်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H. E. Dr. Nikolay LISTOPADOV ကို စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ဇွန်လ ၃၀ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနား နစကဥက္ကဋ္ဌနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်စည်သူ ရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သီရိပျံချီ ဦးသန်းဆွေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး အမြဲတမ်းအတွင်းဝန် ဦးခင်လတ်နှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ဦးစွာ နစကရုံး အမြဲတမ်းအတွင်းဝန် ဦးခင်လတ်က ဘွဲ့တံဆိပ် ပေးအပ်သည့်အမိန့်ကို ဖတ်ကြားတင်ပြသည်။
ထို့နောက် နစကဥက္ကဋ္ဌက မြန်မာနိုင်ငံနှင့်ရုရှားနိုင်ငံတို့ အကြား ချစ်ြကည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနီးကပ်ခိုင်မာအောင် စွမ်းစွမ်းတမံ တည်ဆောက်နိုင်ခဲ့သောကြောင့် စွမ်းဆောင်မှုဆိုင်ရာ ဘွဲ့တံဆိပ်ရရှိသည့် မြန်မာနိုင်ငံဆိုင်ရာရုရှားနိုင်ငံသံအမတ်ကြီး H. E. Dr. Nikolay LISTOPADOV ထံ ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်ကို လက်ရောက်ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။
ယင်းနောက် နစကဥက္ကဋ္ဌက စွမ်းဆောင်မှုဆိုင်ရာ ဘွဲ့တံဆိပ်ရရှိခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးအား ဂုဏ်ပြုစကားပြောကြားရာတွင် အဆွေတော်သံအမတ်ကြီးအား ယခုကဲ့သို့ စွမ်းဆောင်မှုဆိုင်ရာ ဘွဲ့တံဆိပ်ဖြစ်သည့် ဝဏ္ဏကျော်ထင်ဘွဲ့တံဆိပ်ကို ချီးမြှင့်ပေးအပ်ရသည့်အတွက် မြန်မာနိုင်ငံကိုယ်စားများစွာ ဝမ်းမြောက်ပါကြောင်း၊ အဆွေတော်အနေဖြင့် မြန်မာနိုင်ငံတွင်ရိုးရိုးသံအမှုထမ်းမှ သံအမတ်ကြီးတာဝန်အထိ ၁၄ နှစ်တာကာလခန့် တာဝန်ထမ်းဆောင်ခဲ့ပြီး မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက်ကို ကြုံတွေ့ခဲ့ရသဖြင့် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အတွေ့အကြုံများစွာကို ရရှိပြီးဖြစ်ကြောင်း၊ အဆွေတော်အနေဖြင့် သံအမတ်ကြီးတာဝန်ထမ်းဆောင်ချိန် ကာလအတွင်း မြန်မာ-ရုရှားနှစ်နိုင်ငံ သံတမန်ဆက်ဆံမှုမှာ (၇၅) နှစ် ပြည့်မြောက်သည့် အချိန်ဖြစ်ကြောင်း၊ အဆိုပါကာလအတွင်း အဆွေတော်၏ တာဝန်ထမ်းဆောင်မှုမှာ နိုင်ငံရေးအပြောင်းအလဲများအကြား ဆောင်ရွက်ရခြင်းဖြစ်သဖြင့် ကြီးမားကျယ်ပြန့်ပါကြောင်း၊ နှစ်နိုင်ငံသံတမန် ဆက်ဆံရေးကို ယခင်ကထက် ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သဖြင့် ယခုကဲ့သို့ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ကို ချီးမြှင့်အပ်နှင်းခဲ့ရခြင်းဖြစ်ကြောင်း၊ ယခုဘွဲ့တံဆိပ်ချီးမြှင့်ချိန်တွင် အဆွေတော်အနေဖြင့် တာဝန်ပြီးဆုံး၍ ရုရှားနိုင်ငံသို့ ပြန်လည်သွားရောက် တာဝန်ထမ်းဆောင်တော့မည့် အချိန်ဖြစ်ကြောင်း၊ သံအမတ်ကြီး တာဝန်ကိုခုနစ်နှစ်တာကာလ တာဝန်ထမ်းဆောင်ချိန် ကာလအတွင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များတွင် ကာကွယ်ရေးပိုင်းဆိုင်ရာများ၊ နိုင်ငံတကာရေးရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် အဆွေတော်အနေဖြင့် အကောင်းဆုံးဖြစ်အောင် စွမ်းစွမ်းတမံ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ အဆွေတော်အနေဖြင့် ရုရှားနိုင်ငံသို့ ပြန်လည်ရောက်ရှိချိန်တွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များ ပိုမိုကျယ်ပြန့်ခိုင်မာစေရန်နှင့် ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်ခိုင်မာစေရန် ဆက်လက်ဆောင်ရွက်ပေးစေလိုကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများကို ဂုဏ်ထူးဆောင်ဘွဲ့ပေးအပ်ခြင်းသည် ယခု ရုရှားနိုင်ငံသံအမတ်ကြီးအား ပေးအပ်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H. E. Dr. Nikolay LISTOPADOV က ဘွဲ့တံဆိပ်လက်ခံရရှိခြင်းအတွက် ကျေးဇူးတင်စကားပြောကြားရာတွင် ယခုကဲ့သို့ဘွဲ့တံဆိပ်ချီးမြှင့်ပေးသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ မိမိအတွက်သာမက ရုရှားသံရုံးရှိ သံတမန်များနှင့် အမှုထမ်းမိသားစုများအားလုံးအတွက် ဂုဏ်ယူပါကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်နိုင်ရေး မိမိအနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သမိုင်းကြောင်းအရ နှစ်နိုင်ငံဆက်ဆံရေးသည် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးရှိပြီးဖြစ်ပြီး အနာဂတ်ကာလတွင်လည်း ဆက်လက်ကောင်းမွန်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆွေတော်အနေဖြင့် မြန်မာနိုင်ငံတွင် ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်နေမှုများအပေါ်လည်း အသိအမှတ်ပြုတန်ဖိုးထားပါကြောင်း၊ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တည်ငြိမ်ရေးနှင့်တရားဥပဒေစိုးမိုးရေးများကို ဆောင်ရွက်နိုင်မည်ဟု ခိုင်ခိုင်မာမာယုံကြည်ပါကြောင်း၊ ရုရှားနိုင်ငံအနေဖြင့်လည်း ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်စေရေး မိမိအနေဖြင့် ဆထက် ထမ်းပိုး ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ကို ပေးအပ်ချီးမြှင့်သည့်အတွက်လည်း ဂုဏ်ယူဝမ်းမြောက်ပါကြောင်း စသည်ဖြင့်ပြောကြားသည်။
ထို့နောက် နစကဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီးတို့သည် နှစ်နိုင်ငံ ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ခရီးသွားကဏ္ဍမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ပညာရေး၊ ကျန်းမာရေး၊ စက်မှု၊ သိပ္ပံနှင့်နည်းနည်းပညာ၊ အားကစားနှင့်ယဉ်ကျေးမှု စသည့် နယ်ပယ်မျိုးစုံတွင် ပူပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်းသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်