Top News

ကော့ကရိတ်မြို့ အမှတ် (၂) ရပ်ကွက်အတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲသဖြင့် အမျိုးသားတစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိ
24htopnews | January 4, 2025 9:12 PM CST

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ အမှတ် (၂) ရပ်ကွက်အတွင်း လက်နက်ကြီးကျည်ကျ ရောက်ပေါက်ကွဲသဖြင့် အမျိုးသားတစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ် ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

ကော့ကရိတ်မြို့အတွင်း၌ နယ်မြေ လုံ ခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များ အား ဇွန်လ ၂၈ ရက် ညနေ ၅ နာရီ ၃၀ မိနစ် ခန့်တွင်  KKO (ခွဲထွက်) အဖွဲ့နှင့် PDF များ က အရှေ့မြောက်ဘက် မီတာ ၂၅၀၀ ခန့်အ ကွာမှနေ၍ လက်နက်ကြီးများဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ KKO (ခွဲထွက်) အဖွဲ့နှင့် PDF များ ဆုတ်ခွာ သွားခဲ့ကြောင်း၊ KKO (ခွဲထွက်)အဖွဲ့နှင့် PDF များပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်များသည် ကော့ကရိတ်မြို့ အမှတ် (၂) ရပ် ကွက်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့မှု ကြောင့် အဆိုပါရပ်ကွက်နေ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး သုံးဦးဒဏ်ရာရရှိကာ မော် တော်ဆိုင်ကယ် တစ်စီး မီးလောင်ပျက်စီးခဲ့ ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ် ပြန်သည်။

အဆိုပါဖြစ်စဉ်မှ ဒဏ်ရာရရှိသူများအား ခရိုင်ပြည်သူ့ဆေးရုံသို့ပို့ဆောင်၍ လိုအပ် သည့် ဆေးဝါးကုသမှုများခံယူစေလျက်ရှိ ကြောင်းနှင့် အရပ်သားပြည်သူများ နေထိုင် ရာ မြို့အတွင်းသို့လက်နက်ကြီးများဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့သူများအား   ဖမ်းဆီးအရေးယူ နိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်း ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လို အပ်သည့် လုံခြုံရေးလုပ်ငန်းများအား ဆောင် ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက် အရ သိရသည်။

 


READ NEXT
Cancel OK