Top News

ချေးငွေပေးသည်ဟုဆိုပြီး အွန်လိုင်းတွင် Apps များ ဒေါင်းလော့ရယူခိုင်းကာ  ကိုယ်ရေးအချက်အလက်များ ရယူ၍ ခြိမ်းခြောက် ငွေညှစ်မှုများ ရှိနေ
24htopnews | January 4, 2025 9:12 PM CST

ငွေချေးပေးသည်ဟုဆိုပြီး အွန်လိုင်းတွင် APPS များ ဒေါင်းလော့ရယူခိုင်းကာ ကိုယ် ရေးအချက်အလက်များ ရယူ၍ ခြိမ်းခြောက် ငွေညှစ်မှုများကို ကြုံတွေ့ရခြင်းများရှိနေ ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများ၏ ပြော ကြားချက်များအရ သိရသည်။

“ချေးငွေပေးတယ်ဆိုပြီး  Facebook မှာ တက်လာလို့ ဝင်ကြည့်တော့ Apps ကို ဒေါင်း ခိုင်းတယ်။ ဒေါင်းပြီးတဲ့အချိန်မှာ ဘယ်က ဘယ်လို အသိရဲ့ ဖုန်းကိုရသွားလဲမသိဘူး။ ကျွန်မနာမည်နဲ့ ငွေသွားချေးတယ်။ အသိက မသင်္ကာလို့ ဖုန်းဆက်ပြီး ပြန်ပြောမှသိရတာ။ တော်တော်ကြောက်ဖို့ကောင်းတယ်” ဟု ကိုယ် တိုင်ကြုံတွေ့ရသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် APPS အချို့ကို ဒေါင်းလော့ခ် ပြုလုပ်ပြီးနောက်ပိုင်းတွင် ငွေညှစ်ခြင်းများ ကြုံတွေ့ခဲ့ရသည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့သူ တစ်ဦးကလည်း ပြောကြားသည်။

“ချေးငွေလိုချင်လို့ ဒေါင်းလိုက်တာ။ ကိုယ့်ကိုပြန်ပြီး ခြိမ်းခြောက်တယ်။ ငွေပေးရ မယ်။ မပေးချင်ရင် ဘာအားပေး ညာအားပေး ဆိုပြီး တင်မယ်ဆိုပြီး ခြိမ်းခြောက်တယ်” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ဆိုသည်။

စားသုံးသူရေးရာ ဦးစီးဌာနကလည်း ချေးငွေလုပ်ငန်းအမည်ခံထားပြီး ခြိမ်းခြောက် မှုများ ပြုလုပ်နေသည့် အန္တရာယ်ရှိ APPS ၃၅ မျိုးကို အသိပေးထုတ်ပြန်ထားသည်။

အဆိုပါ လိမ်လည်ခြိမ်းခြောက်နေသည့် Application များမှာ Pegion, Sun Cash, Morning Cash, Happy Cash, Cash Tree, Easy Wallet, Fast Cash, Sky Cash, MM Finance, Money Bag, Cash Woo, U Fi-nance, Lone M, Lxora Cash, Cash Now, Kind Cash, Kyat Wave, Money Bag, Quick Kyat အစရှိသည်တို့ဖြစ်ပြီး အဆိုပါ Application များသည် ၂၀၂၂ ခုနှစ် ကတည်း ကပင် လိမ်လည်မှုများ‌ကြောင့် နာမည်ပျက်နှင့် ကျော်ကြား‌နေသည်ဟု စားသုံးသူရေးရာ ဦးစီး ဌာနက အသိပေးထားသည်။

အဆိုပါ APPS များကို ဒေါင်းလော့ခ် ပြုလုပ်မိပါက ဖုန်းအတွင်း မှတ်သားထားသည့် contact တွင်ရှိ အဖေ (သို့မဟုတ်) အမေ (သို့ မဟုတ်) မိန်းမထံ  sim card မျိုးစုံဖြင့် ဖုန်း ဆက်၍ ပြဿနာရှာခြင်း၊ ညစ်ညမ်းယုတ်ညံ့စွာ ဆဲဆိုခြင်းများ ခံရနိုင်သည့်အပြင် Facebook Account ,  Telegram Account အစရှိသည် တို့နှင့်လည်း ၎င်းတို့၏ အကောင့်အတုများဖြင့် အသရေဖျက်လာနိုင်ကြောင်း၊ လက်တွေ့ခံရ သူ အများအပြားရှိနေကြောင်း၊ မိသားစု၊ ချစ် သူ၊ သမီးရည်းစား ဓာတ်ပုံ/ဗီဒီယိုများ၏ အချက်အလက်များကိုပါ ရရှိသွားနိုင် သည့်အ ပြင် black mail (ငွေညှစ်ခြင်း) များ ဖြစ်ပေါ် လာနိုင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက လည်း ထုတ်ပြန်ထားသည်။

 


READ NEXT
Cancel OK