
အမပူရမြို့နယ် မြပုခက်ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း သံဃာတော်တစ်ပါး ဇွန် ၂၉ ရက် ညနေပိုင်းက ရေတွင်းအတွင်း ပြုတ်ကျပြီး ပျံလွန်တော်မူသွားကြောင်း သိရသည်။
ဇွန် ၂၉ ရက် ညနေ ၅ နာရီခွဲခန့်တွင် အမပူရမြို့နယ် မြပုခက် ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း သံဃာတော်တစ်ပါး ရေ တွင်းအတွင်း ပြုတ်ကျကြောင်း သတင်းရသ ဖြင့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) က သွားရောက်ခဲ့ကြောင်း သိရသည်။
“ဒုလ္ဘဘ လာဝတ်တဲ့သူပါ။ သူက စိတ်ကျန်းမာရေး အနည်းငယ်မကောင်းဘူးလို့ သိရပါတယ်။ ရေတွင်းမှာ ထိုင်နေရင်း ပြုတ်ကျတာပါ” ဟု အခင်းဖြစ်နေရာသို့ ရောက်ရှိခဲ့သည့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) မှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) မှ တာဝန်ရှိသူများ အခင်း ဖြစ်နေရာသို့ သွားရောက်ခဲ့ပြီး အရေးပေါ်ရှာ ဖွေကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ကြောင်း သိရ သည်။
အဆိုပါ သုံးရေတွင်းသည် အနက် ပေ ၄၀ ဝန်းကျင်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်