
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဒေါက်ရပ် ကျေးရွာ ရန်ကုန် - မော်လမြိုင်ကားလမ်း ရွှေသံလွင် တိုးဂိတ်အဟောင်းတွင်ရှိသည့် အဖွဲ့စုံစစ်ဆေးရေးဂိတ်မှာ ဇွန် ၃၀ ရက် နံနက် ၁၁ နာရီဝန်းကျင် အချိန်ခန့်က Drop Bomb ဖြင့်တိုက်ခိုက်ခံခဲ့ရကြောင်း သတင်းရရှိသည်။
ထိုသို့ Drop Bomb ဖြင့်တိုက်ခိုက်ရာတွင် ဗုံးတစ်လုံးမှာ ရွှေသံလွင်တိုးဂိတ်အဟောင်း၏ အနောက်မြောက်ဘက် ကိုက် ၁၀၀ ခန့်အကွာ ရန်ကုန် - မော်လမြိုင်ကားလမ်းဘေး မြေသား ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး နောက်ဗုံး တစ်လုံးမှာ ရွှေသံလွင်တိုးဂိတ်မြောက်ဘက် ကိုင် ၅၀ ခန့်အကွာတွင် ကျရောက်ပေါက်ကွဲခဲ့ ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦး က ပြောကြားသည်။
၎င်းကဆက်လက်ပြီး “ Drop Bomb နောက်တစ်လုံးက ရွှေသံလွင်တိုးဂိတ်ဝင်းအတွင်းမှာရှိတဲ့ ခြင်းကွင်းထဲကိုကျသွားတာလို့ သိရတယ်။ လူထိခိုက်မှုတော့ မရှိဘူး” ဟု ပြောကြားသည်။
ယမန်နေ့ (ဇွန်လ ၂၉ ရက်) နံနက် ၄ နာရီခွဲချိန်ခန့်က ရန်ကုန် - မော်လမြိုင်ကား လမ်း မွန်ပြည်နယ် သထုံမြို့နယ်နှင့် ဘီးလင်း မြို့နယ်ကြားရှိ ကျုံအိတ် တံတားအား KNLA တပ်မဟာ (၁) မှ မိုင်းခွဲဖျက်ဆီးခဲ့ရာ အရှည် ၉၅ ပေ၊ တံတားအကျယ် ၄၁ ပေခန့်ရှိ ကျုံ အိတ် တံတားမှာ ၂၇ ပေခန့်ပြိုကျပျက်စီးခဲ့ပြီး မော်တော်ယာဉ်နှစ်စီးမှာလည်း ချောင်းအ တွင်း ပြုတ်ကျကာ အမျိုးသားတစ်ဦး သေဆုံး ခဲ့ကာ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နှင့် တံတားအစွန်းရှိ မော်တော်ယာဉ်တစ်စီး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့နောက် မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် အဆိုပါကျုံအိတ်တံတားအား စစ်ဆေးရန် သထုံခရိုင်အတွင်းမှ ဌာနဆိုင်ရာတာဝန်ရှိသူများလာရောက်ကြစဉ် ပစ်ခတ်မှုများဖြစ်ပွားခဲ့သည့်အတွက် သထုံခရိုင်လမ်းဦးစီးမှူး သေဆုံးခဲ့ပြီး တပ်မတော်မှ ၁၂ ဦး၊ ရဲတပ်ဖွဲ့ဝင် ကိုးဦး၊ ထွေ/အုပ်ဝန်ထမ်း နှစ်ဦး၊ မီးသတ်တပ် ဖွဲ့ ဝင် သုံးဦး နှင့် ရွှေသံလွင်ကုမ္ပဏီမှ ဝန်ထမ်း နှစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်