Top News

မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ခရီးသည်တင်ယာဉ်နှင့် အုတ်သယ်ယာဉ်တိုက်မိပြီး ရှစ်ဦးဒဏ်ရာရရှိ
24htopnews | January 4, 2025 9:12 PM CST

မြိတ်-ကော့သောင်း ပြည်ထောင်စု လမ်းမကြီးပေါ်တွင် ခရီးသည်တင်ကားနှင့် အုတ်သယ်ကားတိုက်မိပြီး ရှစ်ဦးဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။

ဇွန်လ ၃၀ ရက်က မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီး စန္ဒဝတ်ကျေးရွာ အုပ်စု၊ မယင်းငယ်ဖျားကျေးရွာရှိ အားမန်သစ် ဓာတ်ဆီဆိုင်အနီးတွင်  ဘုတ်ပြင်မြို့မှမြိတ် မြို့သို့  ယာဉ်မောင်း ဦးအောင်စိုးမောင်းနှင်လာ သည့် ယာဉ်နံပါတ် TNI-10 9 M  ၊ မိုးသောက်ကြယ်ခရီးသည်တင် အဖြူရောင် အံစာတုံးကားမှာတစ်ဖက်မှမောင်းနှင်လာ သော ယာဉ်မောင်း မင်းဌေး၊ ယာဉ်နံပါတ် TNI-10 4 N အဖြူရောင်၊ ယာဉ်အမျိုးအစား forland အုတ်သယ်ကားမှ ဝင်တိုက်မိခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။

“မနက်ပိုင်းကဖြစ်ခဲ့တယ်။ ကားခေါင်း တွေကြေသွားတယ်။ခရီးသည်ကား မောင်းတဲ့ သူ ကို ကယ်ဆယ်ရေးသမားတွေ တော်တော် ဆွဲထုတ်လိုက်ရတယ်၊ ကားသမားကကားထဲ ညှပ်နေတာ၊ ပရဟိတကားတွေ၊မီးသတ်တပ် ဖွဲ့တွေ၊ကြက်ခြေနီတပ်ဖွဲ့တွေနှင့် အနီးနား ကလူတွေဝိုင်းကူပြီး ဆေးရုံပို့ပေးလိုက်ကြ တယ်” ဟု မျက်မြင်တစ်ဦးက ပြောကြားသည်။

အုတ်သယ်ကားမှာ တနင်္သာရီမြို့ဘက်မှ မြိတ်ဘက်သို့ မောင်းနှင်လာသည့်ကားဖြစ်ပြီး ခရီးသည်ကားသည် မြိတ်ဘက်မှ ဘုတ်ပြင်းသို့ ပြေးဆွဲသော မိုးသောက်ကြယ် ခရီးသည် ယာဉ်လိုင်း ဖြစ်ကြောင်း သိရှိရသည်။ ခရီး သည်ကားမှာ ခရီးသည် ကိုးဦးပါရှိပြီး ရှစ်ဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 


READ NEXT
Cancel OK