
ရခိုင်ပြည်နယ် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနှင့် မြေပုံမြို့များရှိ မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာအချို့နှင့် ပြည်နယ်လွှတ်တော်သို့ ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်မြောက် ပိုင်းဒေသအတွင်းရှိ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသည့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ စစ်တွေမြို့၊ ပုဏ္ဏားကျွန်းမြို့၊ ကျောက်တော်မြို့၊ မြောက်ဦးမြို့၊ မင်းပြားမြို့နှင့် မြေပုံမြို့တို့ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့ကို ဓာတ်အားစနစ်မှ ဓာတ်အားပြန်လည် ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင်လည်း ရခိုင်ပြည်နယ် လွှတ်တော်ရုံးအတွင်းရှိ ၁၀၀ ကေဗွီအေ ထရန်စဖော်မာနှင့် ၂၀၀ ကေဗွီအေ ထရန်စဖော်မာတို့မှတစ်ဆင့် ပြည်နယ်လွှတ်တော်သို့ ဓာတ်အားဖြန့်ဖြူးပေးခဲ့ပြီဖြစ်ကြောင်း၊ ကျန်ရှိနေသည့် ၆၆ ကေဗွီ ပုဏ္ဏားကျွန်း- ရသေ့တောင် ဓာတ်အားလိုင်း ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်း ၇၂ ရာခိုင်နှုန်းခန့်၊ ၆၆ ကေဗွီ ရသေ့တောင်-ဘူးသီးတောင် ဓာတ်အားလိုင်းပြန်လည်တည်ဆောက်ခြင်းလုပ်ငန်း ၆၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်းနှင့် ကျေးရွာဓာတ်အားလိုင်းများ ပြန်လည်ပြုပြင်ဆောင်ရွက်မှုအနေဖြင့် ဆောင်ရွက်ရမည့် ကျေးရွာစုစုပေါင်း ၃၂၇ ရွာရှိသည့်အနက် ဆောင်ရွက်ပြီးကျေးရွာ ၇၉ ရွာ၊ ဆောင်ရွက်ဆဲ ကျေးရွာ ၄၉ ရွာဖြစ်ကာ စုစုပေါင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု ၄၉ ဒသမ ၃၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း၊ စစ်တွေမြို့ပေါ်ရှိ တက္ကသိုလ်၊ ဌာနဆိုင်ရာရုံးများ ဓာတ်အားရရှိရေးအတွက် ဆောင်ရွက်ခဲ့ရာ စစ်တွေတက္ကသိုလ်ကို ဇွန် ၁၀ ရက်တွင်လည်းကောင်း၊ ကွန်ပျူတာတက္ကသိုလ်ကို ဇွန် ၁၂ ရက်တွင်လည်းကောင်း၊ နည်းပညာအထက်တန်းကျောင်းကို ဇွန် ၂၀ ရက်တွင်လည်းကောင်း၊ နည်းပညာတက္ကသိုလ်ကို ဇွန် ၂၂ ရက်တွင်လည်းကောင်း၊ အမှတ် (၃၆) လုံခြုံရေးရဲတပ်ဖွဲ့ခွဲကို ဇွန် ၂၆ ရက် တွင်လည်းကောင်း ဓာတ်အားဖြန့်ဖြူးပေးခဲ့ပြီးဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။
ဇွန် ၂၉ ရက်က လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသည့် စစ်တွေမြို့ရှိ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် ရခိုင်ပြည်နယ် စစ်တွေတက္ကသိုလ်အတွင်းနှင့် အမှတ် (၃၆)လုံခြုံရေး ရဲတပ်ဖွဲ့ခွဲတို့၌ ပျက်စီးသွားသည့် ဓာတ်အားလိုင်းများ ပြန်လည်တည်ဆောက်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် တက္ကသိုလ်ကျောင်းဆောင်အတွင်း လျှပ်စစ်သွယ်တန်းထားရှိမှုတို့ကိုလည်းကောင်း၊ စစ်တွေဂေါက်ကွင်းနှင့် ရခိုင်ပြည်နယ်လွှတ်တော်ရုံးအတွင်းရှိ ထရန်စဖော်မာနှင့် ဆက်စပ်ပစ္စည်းများ၊ ၁၁ ကေဗွီနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင်တည်ဆောက်နေမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ဆက်သွယ်ရေးမိုဘိုင်းစခန်းများ ထိခိုက်ပျက်စီးခဲ့ရာ ဇွန် ၂၃ ရက်အထိ မိုဘိုင်းစခန်းပေါင်း ၁၂၂၇ ခုကို ပြန်လည်ပြုပြင်ပြီးဖြစ်၍ မိုဘိုင်းဖုန်းဆက်သွယ်ရရှိမှုအနေဖြင့် ၉၉ ဒသမ ၅၁ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။
ဇွန် ၆ ရက်ကလည်း နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် ဆက်သွယ်ရေးအော်ပရေတာများ ပြုပြင်ခဲ့ရာ လက်ရှိတွင် ၉၆ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်