Top News

၅၂ ကြိမ်မြောက် ထီဖွင့်ပွဲအတွက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုလက်မှတ်များအား အက္ခရာခြောက်လုံး၊ အောင်ဘာလေအွန်လိုင်းသိန်းဆုလက်မှတ်များအား အက္ခရာခြောက်လုံး စုစုပေါင်းအက္ခရာ ၁၂ လုံးဖြင့် ရောင်းချခဲ့
24htopnews | January 4, 2025 9:12 PM CST

၅၂ ကြိမ်မြောက် ထီဖွင့်ပွဲအတွက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုလက်မှတ်များအား အက္ခရာခြောက်လုံး၊ အောင်ဘာလေအွန်လိုင်းသိန်းဆုလက်မှတ်များအား အက္ခရာခြောက်လုံး စုစုပေါင်းအက္ခရာ ၁၂ လုံးဖြင့် ရောင်းချခဲ့ကြောင်း ဇွန် ၃၀ ရက်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲရဲ့ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ် ဇူလိုင် ၁ ရက်တွင် ကျင်းပမည့် ၅၂ ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေ သိန်းဆုဖွင့်ပွဲအတွက် ထီလက်မှတ်များကို က အက္ခရာမှ အစဉ်လိုက် စ ထိ အက္ခရာခြောက်လုံးဖြင့်လည်းကောင်း၊ အောင်ဘာလေအွန်လိုင်းသိန်းဆုဖွင့်ပွဲအတွက် ထီလက်မှတ်များကို ဆ အက္ခရာမှ အစဉ်လိုက် ဌ အထိ အက္ခရာခြောက်လုံးဖြင့်လည်းကောင်း စုစုပေါင်းအက္ခရာ ၁၂ လုံးဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ထီလက်မှတ်များရောင်းချရငွေမှာ ကျပ်သန်း ၅၁၇၆ ဒသမ ၇၀၃ ဖြစ်သဖြင့် ရာခိုင်နှုန်း ၇၀ ခွဲဝေချီးမြှင့်မည့် ထီဆုငွေမှာ ကျပ်သန်း ၃၆၂၃ ဒသမ ၆၉၂ ဖြစ်ကြောင်း၊ အဆိုပါခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေများမှာ အထူးဆုကြီးစနစ်တွင် ကျပ်သိန်းငါးထောင် တစ်ဆု၊ ကျပ်သိန်းနှစ်ထောင် တစ်ဆုနှင့် ကျပ်သိန်းတစ်ထောင် တစ်ဆုပါဝင်ပြီး ဆုတစ်ဆုချင်းစနစ်တွင် ကျပ်သိန်းငါးရာ သုံးဆု၊ ကျပ်သိန်းနှစ်ရာ ခုနစ်ဆု၊ ကျပ်သိန်းတစ်ရာ ခုနစ်ဆု၊ ကျပ်သိန်းငါးဆယ် ၁၀ ဆု၊ ကျပ်သိန်းနှစ်ဆယ် ၁၅ ဆု၊ ကျပ်ဆယ်သိန်း ၁၄ ဆုနှင့် ဝေဝေဆာဆာပဒေသာဆုမဲစနစ်တွင် ကျပ်သုံးသိန်း ၃၀ ဆု၊ ကျပ်နှစ်သိန်း ၃၀၀ ဆု၊ ကျပ်တစ်သိန်း ၈၀၀၀ ဆု၊ ကျပ်ငါးသောင်း ၁၀၀၀၀ ဆု၊ ကျပ်တစ်သောင်းဆု ၁၀၀၀၀၀ စသည့်ဆုမဲများ ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ဘဏ္ဍာသိမ်းရငွေမှ ကျပ်သန်း ၂၅၀ ကိုလည်း ကျပ် ၁၀ သိန်း လေးဆု၊ ကျပ်သုံးသိန်း ၂ဝဆု၊ ကျပ်နှစ်သိန်း ၂၀၀ ဆု၊ ကျပ်တစ်သိန်း ၂၀၀၀ ဆုကိုလည်း ထပ်မံချီးမြှင့်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

အဆိုပါ ၅၂ ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုထီနှင့် အောင်ဘာလေအွန်လိုင်းသိန်းဆုထီဖွင့်ပွဲကို ၂၀၂၃ ခုနှစ် ဇူလိုင် ၁ ရက် စနေနေ့ နံနက် ၈ နာရီအချိန်တွင် ကျောက်တံတားမြို့နယ် မဟာဗန္ဓုလမ်းနှင့် ၃၇ လမ်းထောင့်ရှိ အောင်ဘာလေသိန်းဆုဌာနခွဲ၊ ထီဖွင့်ပွဲခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲရဲ့ ထုတ်ပြန်ချက်အရ သိရသည်။

 


READ NEXT
Cancel OK