Top News

ဝက်လက်မြို့နယ် ဝက်လက်-ရွာသာကြီးကျေးရွာသွားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားတစ်စင်း မိုင်းထောင်ဖောက်ခွဲခံရ
24htopnews | January 4, 2025 9:12 PM CST

စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ် ဝက်လက်-ရွာသာကြီးကျေးရွာသွား လမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားတစ်စင်း မိုင်းထောင်ဖောက်ခွဲခံရကြောင်း သတင်းရရှိသည်။

ဇွန် ၂၆ ရက် နံနက်ပိုင်းတွင် ဝက်လက်မြို့နယ်၊ ဝက်လက်-ရွာသာကြီး ကျေးရွာသွား ကားလမ်းမိုင်တိုင်အမှတ် ၆ မိုင် ၂ ဖာလုံနှင့် ၃ ဖာလုံကြားရှိ သံကူကွန်ကရစ်အမျိုးအစား တံတားအမှတ် (၁/၇) အား PDF များက     မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် ပေါက်ကွဲမှုကြောင့် တံတားအလယ်တွင် ၄ ပေ × ၁ ပေခန့် ပေါက်ထွက်ပျက်စီးခဲ့ပြီး တံတားထိပ်နှစ်ဖက်တွင် ပေ ၂၀ ခန့် အက်ကွဲပျက်စီးခဲ့ကာ တံတားယာဘက်ခြမ်းရှိ လမ်းဘေးကွန်ကရစ် တိုင်ထိပ်ဖူးငါးခု ကျိုးပဲ့ပျက်စီးခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ ပျက်စီးသွားသည့် တံတားအား ပြန်လည်ပြုပြင်နိုင်ရေး တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်းနှင့် တံတားအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သူများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ ဇွန် ၂၆ ရက် နံနက်ပိုင်းတွင် ကန့်ဘလူမြို့နယ်၊ ဝက်တိုး (မ) ကျေးရွာအနီး၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေသူများဖြစ်သည့် ဦးမင်းနိုင် (၄၇ နှစ်) နှင့် ဦးအုန်းညွန့် (၅၇ နှစ်) တို့သည် ၎င်းတို့ပိုင်ဆိုင်သည့် လယ်ကွက်အတွင်းသို့ လယ်ထွန်ရန်အတွက် နွားလှည်းနှစ်စီးဖြင့် ထွက်ခွာလာစဉ် လယ်ကွက်အနီးအရောက် အဆိုပါနေရာတွင်ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ဦးမင်းနိုင်နှင့် ဦးအုန်းညွန့်တို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ကန့်ဘလူခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

ထို့အတူ ဇွန် ၂၆ ရက် မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ငါးဖယ်အင်းကျေးရွာအတွင်းသို့ အဖွဲ့ (စိစစ်ဆဲ) က ဒရုန်းအသုံးပြု၍ Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့သဖြင့် အဆိုပါကျေးရွာနေ ဦးစောနေစိုး၏ နေအိမ်ရှေ့လမ်းဘေးသို့  Drop Bomb တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် မချောချစ်ချစ်ဖြူ (သုံးနှစ် လေးလ) တွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ကျောက်တံခါးမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။


READ NEXT
Cancel OK