Top News

ဖားကန့်မြို့နယ် ရွှေပြည့်စုံဘုရားအနီး ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
24htopnews | January 4, 2025 9:12 PM CST

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ရွှေပြည့်စုံဘုရားအနီး ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သတင်းရရှိသည်။

ဇွန် ၂၆ ရက် ညနေပိုင်းတွင် ဖားကန့်မြို့နယ်၊ (၁) ရပ်ကွက်ရှိ ရွှေပြည့်စုံဘုရားအနီး လမ်းဘေး၌ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါလမ်းဘေးတွင် ရပ်တန့်ထားသည့် 6I/….AD Van အဖြူရောင်ယာဉ်အတွင်း၌ နန့်ပါဟုတ်ကျေးရွာနေရာအိမ်မှူးဖြစ်သူ ဦးစိုးဝင်း (၅၁ နှစ်) အား လက်ပြန်ကြိုးတုပ်လျက် ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် စစ်ဆေးနိုင်ရေး ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

အလားတူ ဇွန် ၂၆ ရက် မွန်းလွဲပိုင်းတွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မြို့ဟောင်းကုန်းကျေးရွာရှိ သုဿာန်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံး၍ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ရာအိမ်မှူးဖြစ်သူ ဦးစိုးအောင် (၆၄ နှစ်) သည် ကျေးရွာသုသာန်သို့ နာရေးလိုက်ပါပို့ဆောင်ပြီး ၎င်း၏နေအိမ်သို့ပြန်ရန် သုသာန်အဝတွင် ရပ်တန့်ထားသည့် နာရေးပို့ယာဉ်များရှိရာသို့ ထွက်ခွာလာစဉ် လူလေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးစိုးအောင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ပစ်ခတ်မှုဖြစ်ပွားရာ နေရာအနီးရှိနေသည့် အစင်ကျေးရွာနေ ဒေါ်ဇင်မာနွယ် (၃၀ နှစ်) တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး, ရေးခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။


READ NEXT
Cancel OK