Top News

စစ်ကိုင်းမြို့နယ်အတွင်း လက်နက်မျိုးစုံ ၁၂ လက်၊ ကျည်မျိုးစုံ ၁၄၁၂ တောင့်၊ ဒီတိုနေတာ ၃၈ ခု အပါအဝင် ခဲယမ်း/ဗုံးသီးများ သိမ်းဆည်းရမိ
24htopnews | January 4, 2025 9:12 PM CST

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်အတွင်း  PDF များထံမှ လက်နက်မျိုးစုံ ၁၂ လက်၊ ကျည်မျိုးစုံ ၁၄၁၂ တောင့်၊ ဒီတိုနေတာ ၃၈ ခု အပါအဝင် ခဲယမ်း/ဗုံးသီးများ သိမ်းဆည်းရမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

စစ်ကိုင်းမြို့နယ်၊ ကင်းတော်ကျေးရွာ၊ ဥယျာဉ်ကျေးရွာနှင့် လက်ပံတောကျေးရွာအနီး လက်နက်/ခဲယမ်းများနှင့်အတူ ခိုအောင်းနေသော PDF အဖွဲ့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇွန် ၂၅ ရက်တွင် တိုက်ခိုက်ခဲ့ရာ အလောင်းအချို့နှင့် လက်နက်မျိုးစုံ ၄၂ လက်၊ ကျည်မျိုးစုံ ၅၀၀၉ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ပြီး အဆိုပါဖြစ်စဉ်တွင် အချို့သော PDF အဖွဲ့ဝင်များသည် အရှေ့မြောက်ဘက်သို့ ဆုတ်ခွာ၍ စဥ့်ကိုင်ကျေးရွာအနီးတွင် အခြားအဖွဲ့နှင့် ပူးပေါင်းကာ ခိုအောင်းလျက်ရှိကြောင်း ဆက်သွယ်သတင်းပေးပို့မှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇွန် ၂၈ ရက်တွင် သွားရောက်တိုက်ခိုက်ခဲ့ရာ PDF အလောင်းအချို့၊ လက်နက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများအား ထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

ဖြစ်စဉ်မှာ PDF များသည် စစ်ကိုင်းမြို့နယ်၊ စဥ့်ကိုင်ကျေးရွာ၌ လက်နက်၊ ခဲယမ်းများနှင့်အတူ ခိုအောင်းနေကြောင်းနှင့် ဇွန် ၂၅ ရက် ကင်းတော်ကျေးရွာ၊ ဥယျာဉ်ကျေးရွာနှင့် လက်ပံတောကျေးရွာအနီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်ရာတွင် ထွက်ပြေးလွတ်မြောက်လာသည့် PDF များသည်လည်း ပူးပေါင်းအခြေပြုနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်၍ လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်စဉ် PDF များသည် ကျေးရွာ၏အနောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးခဲ့သဖြင့် ပိတ်ဆို့ ရှင်းလင်းရေးအဖွဲ့က တိုက်ခိုက်ခဲ့ရာ PDF အချို့၏ အလောင်းများနှင့် စနိုက်ပါသေနတ် တစ်လက်အပါအဝင် လက်နက်မျိုးစုံ ၁၂ လက်၊ ခဲယမ်း/ဗုံးသီးများ၊ ကျည်အိမ်များ၊ ကျည်မျိုးစုံ ၁၄၁၂ တောင့်၊ ဒီတိုနေတာ ၁ဝခု၊ လမ်းလျှောက်စကားပြောစက် ခြောက်လုံး၊ လက်ကိုင်ဖုန်း ရှစ်လုံးနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

ထို့ပြင် ကျေးရွာအတွင်း ဖော်ထုတ်ခြင်းများ ဆက်လက်ဆောင်ရွက်ခဲ့ရာ ကျေးရွာဘုန်းတော်ကြီးကျောင်းအတွင်းမှ ရှော့တိုက် ဒုံးပစ်စင် လေးခု၊ လက်လုပ်ဗုံးသီး ၁၇ လုံး၊ လျှပ်စစ်ဒီတိုနေတာ ၂၈ ခုနှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က  ထုတ် ပြန်သည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း PDF များအား ဖမ်းဆီးရမိရေးဆောင်ရွက်ရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နီးစပ်ရာတပ်မတော်ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှုခံယူစေလျက်ရှိကြောင်းနှင့် ဖြစ်စဉ်တွင် သိမ်းဆည်းရမိလက်နက်များနှင့် ဆက်စပ်ပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။


READ NEXT
Cancel OK