Top News

မဟာဗန္ဓုလတံတားပေါ်မှ ခုန်ချသူ အမျိုးသမီးကို ကယ်ဆယ်ခဲ့သည့် မသန်စွမ်းအမျိုးသားအား ဂုဏ်ပြုဆုငွေချီးမြှင့်
24htopnews | January 4, 2025 9:12 PM CST

မဟာဗန္ဓုလတံတားပေါ်မှ ခုန်ချသူ အမျိုးသမီးကို ကယ်ဆယ်ခဲ့သည့် မသန်စွမ်းအမျိုးသားအား  ဂုဏ်ပြုဆုငွေနှင့် လူသားချင်းစာနာ‌ထောက်ထားခြင်းဂုဏ်ထူးဆောင်ဆုအား ချီးမြှင့်ခဲ့သည်။

လူသားချင်းစာနာ‌ထောက်ထားခြင်းဂုဏ်ထူးဆောင်ဆုအား အကြင်နာကုသိုလ်ပြုလူမူကူညီရေးအသင်းချုပ် ဥက္ကဌ လိူင်ဝင်း (ခ)ဘဘကြီးမှ ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ဂုဏ်ပြုဆုငွေ တစ်သိန်းအား ဦးရန်မျိုးအောင်မိသားစုမှ ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တံတားပေါ်မှ ခုန်ချသူအမျိုးသမီးအား ကယ်ဆယ်ခဲ့သူမှာ အသက်သုံးဆယ်ကျော်အရွယ် ကိုဇော်ဦး(ခ)ချက်ကြီးမှာ မွေးရာပါခြေထောက်အောက်ပိုင်း မသန်စွမ်းဖြစ်ကြောင်း အကြင်နာကုသိုလ်ပြုလူမူကူညီရေးအသင်းမှ သိရသည်။

"သူက လှေနဲ့  အမှိုက်တွေလိုက်‌ကောက်ရတာပါ။ တံတားပေါ်က အမျိုးသမီးခုန်ချတာ သူကတွေ့တော့ သူ့လှေကို ကမ်းကပ်ပြီး ရေကူးပြီး သွားကယ်တာ။ ပြီးတော့ သူက လှေပေါ်တက်တယ်။ အမျိုးသမီးကို ခေါင်းပေါ်အောင်ထားပြီး သူက လှေလေးကို လက်နဲ့ လှော်ပြီး ပုဇွန်တောင်ဘက် ကမ်းနားကို ရောက်အောင်သွားပြီး ကယ်ဆယ်ခဲ့တာပါ"ဟု အကြင်နာကုသိုလ်ပြုလူမူကူညီရေးအသင်းမှ ဥက္ကဌ လိူင်ဝင်း (ခ)ဘဘကြီးက ပြောကြားသည်။

ဇွန် ၂၉ ရက် ၊ မွန်းလွဲ ၁၁ နာရီခွဲခန့်တွင် ရန်ကုန်မြို့ ၊ မဟာဗန္ဓုလတံတားပေါ်မှ အမျိုးသမီးတစ်ဦး ခုန်ချခဲ့ပြီး ၎င်းအား ရန်ကုန်အရှေ့ပိုင်းခရိုင်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အကြင်နာကုသိုလ်ပြုလူမူကူညီရေးအသင်းမှ ဥက္ကဌ လိူင်ဝင်း (ခ)ဘဘကြီးအား  ၂၀၂၁ ခုနှစ်တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှ မြန်မာနိုင်ငံလုံးဆိုင်ရာလူမှုအကျိုးပြုပရဟိတဂုဏ်ထူးဆောင်ဆု ချီးမြင့်ထားကြောင်း သိရသည်။

 


READ NEXT
Cancel OK