Top News

ရှမ်းပြည်နယ်မှ ရခိုင်ပြည်နယ်သို့ သယ်ဆောင်သည့် ကျပ် ၁ ဒသမ ၈ ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ မန္တလေးတိုင်းတွင် ဖမ်းဆီးရမိ
24htopnews | January 4, 2025 9:12 PM CST

ရှမ်းပြည်နယ်မှ ရခိုင်ပြည်နယ်သို့ သယ် ဆောင်သည့် ကျပ် ၁ ဒသမ ၈ ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်တွင် ဖမ်းဆီးရမိ ကြောင်း ဇွန် ၂၉ ရက်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက် အရ သိရသည်။

ထုတ်ပြန်ချက်အရ မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ဇွန် ၂၁ ရက် ညနေ ၅ နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ)ရပ်ကွက်၊ ၁၃၃ လမ်း၊ ၆၅ ထ ၆၆ လမ်းကြားတွင် မြင့်ကျော်(ခ)ညီပု၊ မဇင်မာဦးနှင့် မနန်းစန္ဒာစိုးတို့ သုံးဦး အား စိတ်ကြွရူးသွပ်ဆေးပြား နှစ်သိန်း၊ မော် တော်ဆိုင်ကယ် တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။

ယင်းနောက် ဖမ်းဆီးရမိသူ မြင့်ကျော် (ခ) ညီပုနှင့် ၎င်း၏ဇနီး မဇင်မာဦးတို့ နေထိုင် သည့် အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာ၊ ၁၄၂ လမ်း၊ ၆၅ ထ ၆၆ လမ်းကြားရှိ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်း ဆက်လက် သိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းကျပ် ၁ ဒသမ ၈ ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေး ပြား ၁၂ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း သိရ သည်။ဆက်လက်ပြီး ကွင်းဆက်ဖော်ထုတ်ချက် အရ ဇွန် ၂၂ ရက် ည ၈ နာရီခန့်တွင် မဟာ အောင်မြေမြို့နယ်၊ ၄၁ လမ်း၊ ၈၄ ထ ၈၅ လမ်း ကြားတွင် သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေး ပြားများ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူး ပေါင်းပါဝင်သူ တင်မောင်စိုး (ခ) ရန်ချန်းကျ (ခ) အားတီအား ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည် နယ်မှ ရခိုင်ပြည်နယ်သို့ သယ်ဆောင်ရောင်း ဝယ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီး ရမိသူများအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။


READ NEXT
Cancel OK