Top News

ဘားအံမြို့တွင် ချိန်ကိုက်မိုင်း ပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားပြီး လုံခြုံရေးတပ်ဖွဲ့ဝင် နှစ်ဦးနှင့် ဒေသခံအချို့ ဒဏ်ရာရရှိ
24htopnews | January 4, 2025 9:12 PM CST

ကရင်ပြည်နယ် ဘားအံမြို့တွင် ဇွန် ၂၈ ရက် မွန်းလွဲပိုင်း အချိန်ခန့်က အချိန်ကိုက်မိုင်း နှစ်ကြိမ်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ် ဖွဲ့ဝင် နှစ်ဦးနှင့် ဒေသခံအချို့ထိခိုက်မှု ရှိခဲ့ ကြောင်း မြို့ခံများထံမှ သိရသည်။

ဇွန် ၂၈ ရက် မွန်းလွဲ ၁ နာရီဝန်းကျင် အချိန်ခန့်က အမှတ် (၁) ရပ်ကွက်၊ ဦးဆန္ဒ လမ်းကြားရှိ တပ်မ - ၂၂ ခြံစည်းရိုးအနီးတွင် အချိန်ကိုက်မိုင်း ပေါက်ကွဲတစ်ကြိမ် ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ လာရောက် စစ် ဆေးစဉ်  Hijet ယာဉ်ပေါ်မှ နောက်ထပ် အချိန်ကိုက်မိုင်းတစ်လုံး ထပ်မံ ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း မြို့ခံတစ်ဦးက ပြောကြား သည်။

“ဘားအံမြို့က စံမတူထမင်းဆိုင် အကျော် ဦးဆန္ဒလမ်းကြားထဲမှာ ဖြစ်သွားတာ။ ပထမတစ်ကြိမ်ပေါက်ကွဲမှုဖြစ်ပြီး လုံခြုံရေး တွေ လာစစ်တဲ့ အချိန်မှာ  Hijet ကားပေါ်က နေ ထပ်ပြီး ပေါက်ကွဲမှုဖြစ်သွားတာ။ လောလောဆယ် လုံခြုံရေးတပ်ဖွဲ့ဝင် နှစ်ဦး ထိခိုက် ထား တယ်လို့ကြားရတယ်။ လမ်းသွားလမ်း လာ ပြည်သူတချို့လည်း ထိခိုက်ကြတယ်လို့ ကြားသိရတယ်။ အတိအကျတော့ မသိရ သေးဘူး။ ပေါက်ကွဲမှုဖြစ်တဲ ့ Hijet ကားက ပျက်စီးသွားတယ်။ အဆောက်အအုံ တချို့ လည်း ထိခိုက်မှုရှိခဲ့တယ် ” ဟု ၎င်းမြို့ခံက ဆက်လက်ပြောကြားသည်။

လက်ရှိ ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား ဘားအံမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ကာ ဆေးကုသမှုပေးထားကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအား မည်သည့် လက်နက် ကိုင်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့သည် ကို မသိရသေးပေ။


READ NEXT
Cancel OK