Top News

■ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃ (က) ဖြင့် ထောင်ဒဏ် ငါးနှစ် ချမှတ်ခံရသည့် သရုပ်ဆောင် သင်ဇာဝင့်ကျော် ပြန်လည် လွတ်မြောက်
24htopnews | January 4, 2025 11:12 PM CST

 

အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)ဖြင့် ထောင်ဒဏ် ငါးနှစ်ချမှတ်ခံရသည့် သရုပ်ဆောင် သင်ဇာဝင့်ကျော်သည် ဇန်နဝါရီ ၄ ရက်က ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာကြောင်း အနုပညာရှင် အသိုင်းအဝိုင်းထံမှ သိရသည်။

လိင်အသားပေးဓာတ်ပုံနှင့ ်ဗီဒီယိုများအား လူမှုကွန်ရက်မှ အခကြေးငွေရယူပြီး ဖြန့်ဝေသည့် စွဲချက်ဖြင့် သရုပ်ဆောင်မော်ဒယ် သင့်ဇာဝင့်ကျော်ကို အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃(က)ဖြင့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်က ထောင်ဒဏ် ငါးနှစ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

သရုပ်ဆောင် သင်ဇာဝင့်ကျော် ပြန်လည်လွတ်မြောက်လာခြင်းနှင့် ပတ်သက်၍ သရုပ်ဆောင် ညီနန္ဒ က "Welcome back Nyimalay" ဟု လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားသလို တခြားသော အနုပညာရှင်အသိုင်းအဝိုင်းမှ နီးစပ်သူများကလည်း လူမှုကွန်ရက်စာမျက်နှာများတွင် အသီးသီး ရေးသားထားသည်ကို တွေ့ရသည်။

သရုပ်ဆောင် သင်ဇာဝင့်ကျော်ကဲ့သို့ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃(က)ဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသည့် မော်ဒယ် နန်းမွေ့စံလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွင် ပါဝင်သည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း ၎င်းလွတ်မြောက်ခြင်း ရှိ မရှိ မသိရှိရသေးပေ။

မော်ဒယ်နန်းမွေစံသည် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၇ ရက်က အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃(က)ဖြင့် ထောင်ဒဏ် ၆ နှစ်ချမှတ်ခံခဲ့ရသည်။


READ NEXT
Cancel OK