
ဂျပန်နိုင်ငံမှ ရောက်ရှိလာမည့် DEMU ရထားတွဲဆိုင်းသစ်များနှင့် လက်ရှိ အသုံးပြုနေသည့် ရထားတွဲများအား စနစ်တကျ ပြုပြင်ထိန်းသိမ်းနိုင်ရန် JICA နှင့် မြန်မာ့မီးရထားတို့ ပူးပေါင်းဆောင်ရွက်နေကြောင်း သတင်းရရှိသည်။
အဆိုပါ ပူးပေါင်းဆောင်ရွက်မှုအား မြန်မာ့မီးရထားကဏ္ဍ တိုးတက်လာစေရေး၊ အာရ်ဘီအီးစက်ခေါင်းများ မွမ်းမံထိန်းသိမ်းမှု ပြုလုပ်ရာတွင် စနစ်တကျ ရေရှည်အသုံးပြုတတ်စေရေးနှင့် မကြာခင်ရောက်ရှိလာမည့် DEMU ရထားတွဲဆိုင်းသစ်များနှင့် စက်ခေါင်းများကို ထိန်းသိမ်းမွမ်းမံမှု ကောင်းမွန်စွာ ဆောင်ရွက်နိုင်ရေးတို့အတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။
“ခုလို DEMU နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ရတာက မြန်မာ့မီးရထားကဏ္ဍ တိုးတက်လာစေဖို့နဲ့အာရ်ဘီအီးစက်ခေါင်းတွေ ရောက်ရှိလာတဲ့အခါ မွမ်းမံထိန်းသိမ်းမှုပြုလုပ်တဲ့အပိုင်းမှာ စနစ်တကျ ရေရှည်အသုံးပြုတတ်စေဖို့နဲ့မကြာခင်ရောက်ရှိလာမယ့် DEMU ရထားတွဲဆိုင်းသစ်တွေနဲ့ စက်ခေါင်းတွေကို ကောင်းမွန်စွာ ထိန်းသိမ်းနိုင်စေဖို့ဖြစ်ပါတယ်” ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA မှ ချေးငွေ အမေရိကန်ဒေါ်လာ၂ ဒသမ ရဘီလျံဖြင့် ဆောင်ရွက်မည့်ရန်ကုန်-မန္တလေးရထား လမ်းအဆင့် မြှင့်တင်ရေးစီမံကိန်း (အဆင့်- ၁) ဖြစ်သည့် ရန်ကုန်-တောင်ငူလမ်းပိုင်း ၁၆၆ မိုင် အဆင့်မြှင့်တင်မှုအား စတင်နေပြီဖြစ်ပြီး တည်ဆောက်ရေးကာလ လေးနှစ် အတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားလုပ်ငန်းမှ သတင်းရရှိပါသည်။
ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း (အဆင့်-၁) ညောင်လေးပင်-တောင်ငူ ရထားလမ်းပိုင်းအကြား သံလမ်းနှင့် အချက်ပြလုပ်ငန်း တပ်ဆင်ခြင်း လုပ်ငန်းများအားနိုဝင်ဘာ ၁၁ ရက် မွန်းလွဲ၃ နာရီက ညောင်လေးပင်ဘူတာရုံ၌ စတင်ခဲ့ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
ယခုစတင်ဆောင်ရွက်သည့် ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအဆင့်မြှင့်တင်ရေး စီမံကိန်းအဆင့်-၁ အား အပိုင်းသုံးပိုင်း ခွဲခြားဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ပဲခူး-ညောင်လေးလမ်းပိုင်းနှင့် ညောင်လေးပင်-တောင်ငူ လမ်းပိုင်းတို့အားစာချုပ်ချုပ်ဆိုပြီး စတင်ဆောင်ရွက်နေပြီဖြစ်သည်။
“ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း(အဆင့်-၁)ကို အပိုင်း သုံးပိုင်းနဲ့ ဆောင်ရွက်တဲ့နေရာမှာ ပဲခူး-ညောင်လေးလမ်းပိုင်းနှင့် ညောင်လေးပင်-တောင်ငူ လမ်းပိုင်းတို့အားစာချုပ် ချုပ်ဆိုပြီးဖြစ်လို့ လုပ်ငန်းစတင်တာဖြစ်ပါတယ်။ အခု စတင်ချိန်မှာတော့ပစ္စည်း စုဆောင်းတာနဲ့ ဆိုက်ရုံးတည်ဆောက်တာစတဲ့ အကြို အင်ဂျင်နီယာလုပ်ငန်းတွေကို စတင်လုပ်ဆောင်နေတာပေါ့။ စီမံကိန်းကာလက လေးနှစ်ဖြစ်တဲ့အတွက် နောက်ကျန်တဲ့ သုံးနှစ်ကို သုံးပိုင်း ခွဲခြားဆောင်ရွက်သွားမှာပါ” ဟု မြန်မာ့ မီးရထားလုပ်ငန်းမှ အင်ဂျင်နီယာမှူး ဦးမင်းချမ်းမွန်က ပြောကြားသည်။
ရန်ကုန်-မန္တလေးရထား လမ်းအဆင့် မြှင့်တင်ရေးစီမံကိန်းအတွက် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA မှ ချေးငွေ အမေရိကန် ဒေါ် လာ၂ ဒသမ ၇ ဘီလျံသုံးစွဲသွားမည်ဖြစ်ပြီး ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ငါးနှစ်စီမံကိန်းအဖြစ်သတ်မှတ် လုပ်ဆောင်သွားရန် ကနဦး လျာထားသည်။
ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတွင် အမြန်ရထား ခြောက်စင်း၊ စာပို့ရထားနှစ်စင်း၊ ရန်ကုန်-နေပြည်တော်အစုန် အဆန် လေးစင်းတို့ ပြေးဆွဲလျက်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်