
အသက် ၂၅ နှစ်ခန့်ရှိ တောဆင်ရိုင်းတစ်ကောင်ကိုသတ်ဖြတ်ပြီး အရေခွံခွာသည့် ဆင်သတ်မုဆိုးအဖွဲ့အား သာပေါင်းမြို့နယ်တွင်ဖမ်းဆီးရမိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၃ ရက်တွင် သတင်းထုတ်ပြန်သည်။
ပုသိမ်ခရိုင် သာပေါင်းမြို့နယ် တောင်တန်းချောင်းဖျား၌ အသက် ၂၅ နှစ်ခန့်ရှိပြီး အမြင့် ခုနစ်ပေခွဲခန့်၊ အလျား ကိုးပေခန့်၊ အမြီး သုံးပေခန့်ရှိ တောဆင်ရိုင်း ဟိုင်းဆင် အထီးတစ်ကောင် အသတ်ခံထားရကြောင်း နှင့် ပုပ်ပွပြီး အရိုးများကျနေကြောင်း နိုဝင်ဘာ ၂၂ ရက်တွင် တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဆင်သေတွေ့ရှိသည့်နေရာသို့ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးတင့်၊ သာပေါင်းမြို့မရဲစခန်းမှူး ဒုရဲမှူး မြင့်လွင်နှင့် ဆင်ဆရာဝန် ဒေါက်တာလင်းလင်းထွန်းပါ ပူးပေါင်းအဖွဲ့က သွားရောက်စစ် ဆေးရာ လွန်ခဲ့သောတစ်လခွဲခန့်က ဆင်သတ်မုဆိုးများက သတ်ဖြတ်ထားခြင်းဖြစ်ကြောင်း သိရသည်။
စုံစမ်းမှုအရ လွန်ခဲ့သော တစ်လခွဲခန့် က တောင်တန်းချောင်းဖျား၌ တဲထိုးနေထိုင်သော သိန်းအောင်(၅၀ နှစ်) ပါ ငါးဦးအဖွဲ့က ပစ်သတ်ခြင်းဖြစ်ပြီး သတ်ဖြတ်ထားသည့် ဆင်သေမှ သားရေခွံများအား ကျပ်တိုက်ကာ ပီနန်အိတ်ဖြင့်ထုပ်ပိုး၍ ဆင်သတ်မုဆိုးအဖွဲ့မှ နေမင်းထွန်း (၄၅ နှစ်) က ရောင်းချရန် ယူဆောင်သွားခဲ့ကြောင်း၊ ဆင်ပစ်ရာတွင် အသုံးပြုခဲ့သော တူမီးသေနတ်ကိုလည်း ဝှက်ထားခဲ့ကြောင်း သိရသည်။
ဆင်သတ်မုဆိုးအဖွဲ့ထံမှ ဆင်သတ်ရာတွင် အသုံးပြုခဲ့သည့် ယမ်းမှုန့်များထည့်ထားသော ရေသန့်ဘူးတစ်ဘူး၊ ပလတ်စတစ်ဆေး ထိုးပိုက် နှစ်ခု၊ ဝက်အူလှည့်တစ်ချောင်း၊ သံခွ လေးချောင်း၊ ပန်းသံတစ်ချောင်း၊ အရှည်သုံး လက်မခန့်ရှိ နတ်တိုင်သုံးချောင်း၊ ကျောပိုးအိတ်တစ်လုံး၊ သံဘောစေ့ ၁၂ လုံး၊ ဓားလေးချောင်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဆင်သတ်မုဆိုးအဖွဲ့မှ သိန်းအောင်ပါ လေးဦးကို သာပေါင်းမြို့မရဲစခန်းတွင် (ပ) ၃၅၀/၂၀၁၈၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝနယ် မြေများကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၄၁ (က) ဖြင့် လည်းကောင်း၊ နေမင်းထွန်းကို ပုသိမ်မြို့မရဲစခန်းတွင် အဆိုပါ ဥပဒေပုဒ်မဖြင့်လည်းကောင်း ဖမ်းဆီးအမှုဖွင့် ထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်