
တောင်ကိုရီးယားနိုင်ငံ ဆောင်းနမ်မြို့တွင် ဇန်နဝါရီ ၃ ရက်က ကြီးမားသည့် ကုန်သွယ်ရေးအဆောက်အအုံတစ်ခုတွင် မီးလောင်မှုဖြစ်ပွားပြီး လူပေါင်းရာချီကို ကယ်တင်ခဲ့ရကြောင်း မီးသတ်တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အခင်းဖြစ်ပွားသည့်နေရာသို့ မီးသတ်သမား ၂၆၀ ကျော်နှင့် မီးသတ်ကားအစီး ၈၀ ကျော် ရောက်ရှိလာခဲ့သည်။
မီးကို တစ်နာရီခွဲကျော်ခန့် ငြိမ်းသတ်ခဲ့ရကြောင်း ဂယောင်းဂီပြည်နယ်မီးသတ်ဌာနက ဆိုသည်။
အရေးပေါ်ကယ်ဆယ်ရေးလုပ်သားများက လူ ၂၄၀ ခန့် ကယ်တင်ပေးခဲ့ရပြီး နောက်ထပ် လူ ၇၀ ခန့်သည် ရှစ်ထပ်အဆောက်အအုံမှ အကူအညီမယူဘဲ ထွက်လာနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
လူ ၂၈ ဦးခန့်သည် မီးခိုးငွေ့ရှူမိခြင်းအပါအဝင် ဒဏ်ရာအနည်းငယ်ရရှိခဲ့သော်လည်း အသက်အန္တရာယ်စိုးရိမ်ရသည်အထိ မပြင်းထန်ဟု ဆိုသည်။အရေးပေါ်ကယ်ဆယ်ရေးလုပ်သားများက အဆောက်အအုံထဲတွင် ပိတ်မိသူမရှိစေရေး ဆက်လက်ရှာဖွေလျက်ရှိကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
မီးသည် ကုန်သွယ်ရေးအဆောက်အအုံ၏ မြေညီထပ် စားသောက်ဆိုင်တစ်ဆိုင်မှ စတင်လောင်ကျွမ်းခြင်းဖြစ်ကာ ယင်းအဆောက်အအုံတွင် ကလေးများ ရေကူးသင်နေသည့် ရေကူးကန်တစ်ခုလည်း ရှိသည်။ မီးလောင်ရသည့်အကြောင်းအရင်းကို ချက်ချင်းသိရှိခြင်းမရှိပေ။
■Ref:CNA
■Photo : Reuters/South Korea fire department
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်