Top News

၂၀၂၅ ခုနှစ် နှစ်စပိုင်းမှာပင် တစ်ရက်လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု တစ်ရက်လျှင် မဂ္ဂါဝပ် ၂၀၀၀ အောက်သာ ထုတ်လုပ်နိုင်ပြီး လျှပ်စစ်မီးပြတ်တောက်မှုမှာလည်း ယခင်ထက် ပိုများလာ
24htopnews | January 5, 2025 6:12 PM CST

၂၀၂၅ ခုနှစ် နှစ်စပိုင်းမှာပင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု တစ်ရက်လျှင် မဂ္ဂါဝပ် ၂၀၀၀ အောက်သာ ထုတ်လုပ်နိုင်ပြီး လျှပ်စစ် မီးပြတ်တောက်မှုမှာလည်း ယခင်ထက်ပိုများလာကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များနှင့် ရန်ကုန်မြို့တွင်း နေထိုင်သူများ၏ ပြောကြားချက်များအရ သိရသည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီ ရက်တွင် အမြင့်ဆုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုမှာ ၁၇၃၇ ဒသမ မဂ္ဂါဝပ်၊ ဇန်နဝါရီ ရက်တွင် အမြင့်ဆုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု မှာ ၁၉၇၆ ဒသမ မဂ္ဂါဝပ်၊ ဇန်နဝါရီ ရက်တွင် အမြင့်ဆုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုမှာ ၁၈၀၅ ဒသမ မဂ္ဂါဝပ်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ထုတ်ပြန်ချက် များအရ သိရသည်။

ယင်းကြောင့် ၂၀၂၅ ခုနှစ် နှစ်စမှာပင် တစ်ရက်အတွက် အမြင့်ဆုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုမှာ မဂ္ဂါဝပ် ၂၀၀၀ အောက်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ယခင်နှစ် ဒီဇင်ဘာလကုန်ပိုင်းတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုမှာ တစ်ရက်လျှင် အမြင့်ဆုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု မှာ မဂ္ဂါဝပ် ၂၀၀၀ အထက်တွင်သာရှိခဲ့ရာမှာ ယခုနှစ်တွင် အနိမ့်ဆုံးအဖြစ် ရောက်ရှိလာခဲ့ သည်ကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ထုတ် ပြန်ချက်များအရ သိရသည်။

လက်ရှိတွင်လည်း ရန်ကုန်မြို့တွင်းနေထိုင်သူများ၏ ပြောကြားချက်များအရ လျှပ်စစ်မီးပြတ်တောက်မှုမှာ ယခင်ကထက် ပိုများလာပြီး ညပိုင်းတွင်ပါ လျှပ်စစ်မီးပြတ်တောက်မှုများရှိလာခဲ့ကြောင်း သိရသည်။

ဒီနှစ်ရက် သုံးရက်မှာ သိသာလာတယ်။ အရင်က နာရီပြန်လာပြီဆိုရင် တစ်ညလုံးလာတယ်။ မနက် နာရီမှ ပြတ်တယ်။ အခုက အဲ့ဒီလို မဟုတ်ဘူး။ နာရီလာရင် နာရီမှာ ပြန်ပြတ်သွားရော။ မနက် နာရီ လောက်မှ ပြန်လာတယ်။ အခုက တော်တော်လေးကို ဆိုးတယ်။ မီးပြတ်တာက။ နေ့လည်ဘက်လည်း ဘာမှလုပ်မရဘူးဟု မြောက်ဒဂုံ မြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

နိုင်ငံတော်၏ တစ်ရက်ပျမ်းမျှလျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ ၄၄၀၀ မဂ္ဂါဝပ်ဖြစ်ပြီး လက်ရှိတွင် မဂ္ဂါဝပ် ၂၄၀၀ ခန့်သာ ထုတ်လုပ်နိုင်သဖြင့် ဓာတ်အားလျော့နည်းဖြန့်ဖြူးပေးနိုင်မှုအပေါ် နားလည်ခွင့်လွှတ်ပေးရန် ဒီဇင်ဘာ ၂၁ ရက်တွင် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေကော်ပိုရေးရှင်း (YESC)က သတင်းထုတ်ပြန်ခဲ့သည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးလျက်ရှိသည့် ဓာတ်အားပေးစက်ရုံများ၏ အရင်းအမြစ်အလိုက် စုစုပေါင်း တပ်ဆင်စက်အင်အားမှာ ၇၂၇၂ မဂ္ဂါဝပ်ရှိပြီး ၎င်းင်းစက်များအား စွမ်းအားပြည့် မောင်းနှင်လည်ပတ်နိုင်ပါက ၄၀၀၀ မဂ္ဂါဝပ်ခန့် ထုတ်လုပ်ဖြန့်ဖြူးနိုင်မည်ဖြစ်ကြောင်း YESC က ထုတ်ပြန်သည်။

YESC ထုတ်ပြန်ချက်အရ နိုင်ငံတော်၏ ဓာတ်အားလိုအပ်ချက်မှာ နှစ်စဉ် ကိုးရာခိုင်နှုန်းခန့် တိုးတက်သုံးစွဲလျက်ရှိသဖြင့် လျှပ်စစ်မီးသုံးစွဲသူ ပြည်သူများ၏တစ်ရက်အတွက် လျှပ်စစ်ဓာတ်အား ပျမ်းမျှလိုအပ်ချက်မှာ  မဂ္ဂါဝပ် ၄၄၀၀ ဖြစ်သော်လည်း သောင်းကျန်းသူများက ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ ဓာတ်အားလိုင်းများကို ဖျက်ဆီးမှုကြောင့် ရေအားလျှပ် စစ်စက်ရုံများနှင့် အပူစွမ်းအင်သုံးစက်ရုံများမှ စွမ်းအားပြည့်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးနိုင်ခြင်းမရှိခြင်းကြောင့်လည်းကောင်း၊ သဘာဝဘေး အန္တရာယ်ကြောင့် ဓာတ်အားထုတ်လုပ်နိုင်ခြင်း မရှိသည့် ဓာတ်အားပေးစက်ရုံများကြောင့်လည်းကောင်း၊ ဓာတ်ငွေ့ခွဲတမ်းလျော့နည်း ရရှိမှုများအရလည်းကောင်း တပ်ဆင်ထားသော စက်များ၏ စက်စွမ်းအားပြည့် လည်ပတ်နိုင်မှု မရှိခြင်းစသည်တို့ကြောင့် စုစုပေါင်း ဓာတ် အား မဂ္ဂါဝပ် ၁၄၀၈ ခန့် လျော့နည်း ထုတ်လုပ်နေရပြီး ယခုကာလတွင် တစ်ရက်ပျမ်းမျှ မဂ္ဂါ ဝပ် ၂၄၀၀ ခန့်သာ ထုတ်လုပ်နိုင်သဖြင့် လိုအပ်ချက်၏  ၅၅ ရာခိုင်နှုန်းခန့်ကိုသာ ထုတ်လုပ်ပေးနိုင်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ထုတ်လုပ်မှုလျော့နည်းရရှိမှုကို ပြန်လည်ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဖျက် ဆီးခံရသည့် လျှပ်စစ်ဓာတ်အားလိုင်းများနှင့် သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဓာတ်အားပေးစက်ရုံများကို အမြန်ဆုံးပြင်ဆင်ပြီးစီးနိုင်ရေး ဆောင်ရွက်လျက်ရှိသကဲ့သို လက်ရှိ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ကာလတို ဖြေရှင်းနိုင်ရန်အတွက် LNG ဓာတ်အားပေးစက်ရုံ စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင် ရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီး ရေရှည်တိုးတက်သုံးစွဲလာသည့် လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းနိုင်ရန်အတွက် နိုင်ငံ၏အရင်းအမြစ်များ ဖြစ်သော ရေ၊ နေ၊ လေတို့မှ ထုတ်လုပ်နိုင်ရေးကိုလည်း စီမံဆောင်ရွက်လျက်ရှိကြောင်းနှင့် လက်ရှိဓာတ်အား လျော့နည်းဖြန့်ဖြူးပေးနိုင်မှုအပေါ် နားလည်ခွင့်လွှတ်ပေးနိုင်ရန် လေးစားစွာဖြင့် ပန်ကြားအပ်ကြောင်း YESC က ထုတ်ပြန်သည်။


READ NEXT
Cancel OK