
မော်လမြိုင်မြို့၊ ရွှေမြိုင်သီရပ်ကွက်၊ ပဲခူးချောင်ရပ်တွင် ယနေ့ (ဇန်နဝါရီ ၄ ရက်) နံနက် ၁ နာရီ ၁၅ မိနစ် ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာမှ နေအိမ် နှစ်လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး၊ လေဖြတ်နေသည့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
မီးလောင်မှုဖြစ်စဉ်မှ ရွှေမြိုင်သီရိရပ်ကွက်၊ ပဲခူးချောင်ရပ်၊ ပဲခူးချောင်လမ်းနေ ဦးမြအေး ဆိုသူ၏ နေအိမ်၌ ထင်းမီးဖိုတွင် မီးကြွင်းမီးကျန် နှင့် ထင်းမီးကြပ်တိုက်ထားရာမှ တဆင့် ဘေးပတ်လည်တွင် ကာထားသော ပလပ်စတစ်ပတ္ထူများသို့ မီးကူးစက်ကာ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မော်လမြိုင်မြို့နယ်မီးသတ်ဦးစီးဌာနထံမှ သိရသည်။
မီးလောင်မှုအား မော်လမြိုင်ခရိုင် နှင့် မော်လမြိုင်မြို့နယ် မီးသတ်စခန်းမှ မော်လမြိုင်မြို့ပေါ်ရှိ မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ်များ၊ မီးသတ်ရေသယ်ယာဉ်များအပြင်၊ မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များမှ ရေသယ်ယာဉ်များဖြင့် သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် (၁) နာရီ (၄၆) မိနစ်အချိန်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး၊ နံနက် (၂) နာရီအချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် ဦးမြအေး ဆိုသူ၏ ပျဉ်ခင်း၊ ပျဉ်ထောင်၊ သွပ်မိုး နေအိမ် (၁) လုံးနှင့် မီးကူးစက်လောင်ကျွမ်းမှုကြောင့် ဦးငွေသိန်း ဆိုသူ၏ အုတ်ကာ၊ ပျဉ်ခင်း၊ သွပ်မိုးနေအိမ် (၁) လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး၊ အသက် (၆၀) နှစ်အရွယ်ခန့် လေဖြတ်နေသည့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
မီးလောင်မှုဖြစ်ပွားရာမှ သေဆုံးခဲ့သည့် အမျိုးသမီးမှာ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့် ဦးမြအေး ဆိုသူ၏ နေအိမ်မှဖြစ်သည်ဟု သိရကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “မီးငြိမ်းသတ်ပြီးတော့မှ မီးစလောင်တဲ့နေအိမ်မှာ လေဖြတ်နေတဲ့ အမျိုးသမီးတစ်ယောက် မီးထဲပါသွားတာလို့ သိရလို့ ရှာဖွေမှုတွေ ပြုလုပ်ပြီး Dead Body ကို မော်လမြိုင်ပြည်သူ့ဆေးရုံကြီးမှာရှိတဲ့ ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့ပါတယ်” ဟု ပြောကြားသည်။
ထိုမီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်ဆိုသည့် နေအိမ်ပိုင်ရှင်ဖြစ်သူ ဦးမြအေး အား သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်