
အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက် ရာအိမ်မှူး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊အမှတ်(၁၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဇနီးတို့အား လုပ်ကြံပစ်ခတ်သူ (၈)ဦးကို လက်နက်၊ ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက် ညပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်း၊ အောင်ဆန်းဈေးရှေ့ရှိ လမ်းဘေးအသုတ်ဆိုင်၌ ထိုင်နေသည့် အဆိုပါရပ်ကွက်နေ ရာအိမ်မှူးဖြစ်သူ ဦးဇော်မင်းထွန်း အား သေနတ်ဖြင့် လုပ်ကြံပစ်ခတ်ခြင်း၊ ဒီဇင်ဘာလ ၅ ရက် နံနက်ပိုင်းတွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ မကွေးလမ်းနှင့် ရွှေဝတ်မှုံလမ်းဆုံ၌ အမှတ်(၁၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးတင်ဇော်ဦးနှင့် ဇနီးတို့အား ပစ်ခတ်သတ်ဖြတ်ခြင်းစသည့် လုပ်ရပ်များကိုလည်းကောင်း၊ ဒီဇင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင် စမ်းချောင်းမြို့နယ်၊ ကျွန်းတော(အလယ်)ရပ်ကွက်၊ ဖျာပုံလမ်း၊ အိမ်အမှတ်(၃၁)၊ ပန်းလှိုင်မိသားစုဆေးခန်း ရှေ့ရှိ Generator မီးစက်အသေး နှစ်လုံးအနီး၌ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ပြည်သူများ၏ မော်တော်ယာဉ်(၆)စီးနှင့် နေအိမ်သုံးမီးစက် နှစ်လုံး၊ စီးပွားရေးလုပ်ငန်းအသုံးပြုသည့် ဆိုင်းဘုတ်များ ပျက်စီးဆုံးရှုံးခဲ့ရသည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အထက်ပါပြစ်မှုများကို ကျူးလွန်ခဲ့ကြသူများအား ဖမ်းဆီးရမိနိုင်ရေးအတွက် လုံခြုံရေးပူးပေါင်းအဖွဲ့မှ စုံစမ်းဖော်ထုတ်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက် မွန်းလွဲ ၂ နာရီ ၂၀ မိနစ်တွင် ပြစ်မှုကျူးလွန်သူ အမှတ်(၁/က)၊ စစ်ကိုင်းလမ်း၊ အမှတ်(၉)ရပ်ကွက်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်နေ ဝင်းခန့်ကိုကို(ခ) ငှက်ကလေး(ခ) ရှိုင်းဝဏ္ဏ(ခ) အောင်ဇေယျ အား လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၉) ရပ်ကွက်၊ စစ်ကိုင်းလမ်း၌လည်းကောင်း၊ ယင်းနေ့ မွန်းလွဲ ၃ နာရီခွဲတွင် ပူးပေါင်းကျူးလွန်သူများ ဖြစ်ကြသည့် အမှတ်(၂၇/ခ)၊ စစ်ကိုင်းလမ်း၊ အမှတ်(၁၀)ရပ်ကွက်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်နေ တင်ဝင်းလှိုင်(ခ)အငယ်လေး အား နေအိမ်၌လည်းကောင်း၊ ယင်းနေ့ မွန်းလွဲ ၃ နာရီ ၅၀ မိနစ်တွင် “ပဒေသာဦး”အဆောင်၊ နတ်မောက်လမ်း၊ အမှတ်(၉)ရပ်ကွက်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်နေသူ မျိုးမြင့်(ခ)ခြူးလေး(ခ)ဂျိမ်း အား အမှတ်(၉)ရပ်ကွက်၊ ဆင်ဖြူရှင်လမ်းပေါ်ရှိ ၎င်းဖွင့်လှစ်ထားသည့် ကွမ်းယာဆိုင်၌လည်းကောင်း အသီးသီးထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိထားသည့် ဝင်းခန့်ကိုကို(ခ) ငှက်ကလေး(ခ) ရှိုင်းဝဏ္ဏ(ခ) အောင်ဇေယျပါ သုံးဦးတို့၏ ထွက်ဆိုချက်များအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃ ရက် ည ၁၀ နာရီခွဲ အချိန်တွင် မိုင်းထောင်ဖောက်ခွဲရန်စေခိုင်းသည့် အမှတ်(၇)ဘုရင့်နောင်လမ်း၊ ဆရာစံ(မြောက်/ရှေ့) ရပ်ကွက်နေသူ ရန်နိုင်ထွဋ်(ခ) လူစီဖာ(ခ) ရဲရင့်(ခ) လရောင်နှင့် ၎င်းတို့အား နေအိမ်စီစဉ်ပေးခြင်း၊ လက်နက်ခဲယမ်းသိမ်းဆည်းပေးခြင်းနှင့် ငွေကြေးထောက်ပံ့ခြင်းများ ဆောင်ရွက်ပေးသူ
အမှတ်(၁၃၇/က)၊ နန္ဒသူရိန်လမ်း၊ (၁၄)ရပ်ကွက်၊ ရွှေပေါက္ကံမြို့သစ်၊ မြောက်ဥက္ကာလာပမြို့နယ်နေ ထွန်းနိုင်စိုး(ခ)ဘီးကျဲ တို့ နှစ်ဦးအား မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းမကြီး၊ Toyota Terminal M Shopping Mall အနီးတွင် ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုများကျူးလွန်ရာတွင် အသုံးပြုသည့် လက်နက်ခဲယမ်းများနှင့် ဖောက်ခွဲရေးပစ္စည်းများ သယ်ယူထောက်ပံ့ပို့ဆောင်သူများဖြစ်ကြသည့် အမှတ်(၁၀၈) ဝိဇ္ဇာ(၃)လမ်း၊ (၅)ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်နေ မိုးစက်အောင်(ခ) ကိတ်ကိတ်(ခ) တရုတ်လေးနှင့် အောင်နိုင်ဝင်း(ခ)ကိုဖြိုး နှစ်ဦးအား မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝင်း၊ ပိတောက်(၃)လမ်း၊ ၅ လမ်းနှင့် ၆ လမ်းကြား၊ အမှတ်(၂၁၆)ဂိုဒေါင်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဆက်လက်စစ်ဆေးပေါ်ပေါက်ချက်အရ ဇန်နဝါရီ ၄ ရက် နံနက် ၁ နာရီ ၅၀ မိနစ်အချိန်တွင် အမှတ်(၁၀၈)၊ ဝိဇ္ဇာ(၃)လမ်း၊ (၅)ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်နေ ဧပရယ်မိုးနိုင် (ခ)သီရိ(ခ)ဘေဘေ အား ၎င်း၏နေအိမ်တွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိထားသူများဖြစ်သည့် ဝင်းခန့်ကိုကို(ခ)ငှက်ကလေး(ခ)ရှိုင်းဝဏ္ဏ(ခ) အောင်ဇေယျ၊ တင်ဝင်းလှိုင်(ခ) အငယ်လေးနှင့် မျိုးမြင့်(ခ) ခြူးလေး(ခ)ဂျိမ်းတို့ သုံးဦး၏ ထွက်ဆိုချက်များအရ ၎င်းတို့ သုံးဦးသည် မင်းစံ(ခ)မျိုးဦး(ဖမ်းမမိ)နှင့် ပဲခူးမြို့နေ ကိုထွန်း(ဖမ်းမမိ)တို့ နှစ်ဦးနှင့်အတူ ရန်နောင်ထွဋ်(ခ) လူစီဖာ(ခ) ရဲရင့်(ခ) လရောင်နှင့် မသက်(ဖမ်းမမိ)တို့၏ စီစဉ်စေခိုင်းမှုဖြင့် မိုင်းထောင်ဖောက်ခွဲမှု ကျူးလွန်ခဲ့ကြကြောင်း ပေါ်ပေါက်ပြီး ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် Honda Fit မော်တော်ယာဉ်အား တင်ဝင်းလှိုင်(ခ) အငယ်လေးမှ စတစ်ကာအနက်ရောင်ကပ်ကာ ရုပ်ဖျက်ပြင်ဆင်ပေးခဲ့ကြောင်း၊ ဖောက်ခွဲမည့်နေရာသို့ ကိုထွန်း(ဖမ်းမမိ)က မော်တော်ယာဉ်အား မောင်းနှင်ပို့ဆောင်၍ ဝင်းခန့်ကိုကို(ခ) ငှက်ကလေး(ခ) ရှိုင်းဝဏ္ဏ(ခ)အောင်ဇေယျ၊ မင်းစံ(ခ) မျိုးဦး(ဖမ်းမမိ)နှင့် မျိုးမြင့်(ခ) ခြူးလေး(ခ) ဂျိမ်းတို့မှ လက်လုပ်ဗုံးများအား ချထားခဲ့ကာ မသက်(စိစစ်ဆဲ)မှ အဝေးထိန်းစနစ် အသုံးပြုဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း၊ ဖောက်ခွဲရာတွင်အသုံးပြုသည့် ဖောက်ခွဲရေးပစ္စည်းများအား ရန်နောင်ထွဋ်(ခ)လူစီဖာ(ခ) ရဲရင့်(ခ) လရောင်၊ ထွန်းနိုင်စိုး(ခ) ဘီးကျဲ၊ မိုးစက်အောင်(ခ)ကိတ်ကိတ် (ခ)တရုတ်လေး၊ အောင်နိုင်ဝင်း(ခ) ကိုဖြိုး၊ ဧပရယ်မိုးနိုင်(ခ) သီရိ(ခ) ဘေဘေတို့ ငါးဦးက ကြိုတင်စီစဉ်ချိတ်ဆက်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပြီး ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် Honda Fit အမျိုးအစား ခဲရောင်မော်တော်ယာဉ်အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့အပြင် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက် ညပိုင်းတွင် ဝင်းခန့်ကိုကို (ခ) ငှက်ကလေး(ခ) ရှိုင်းဝဏ္ဏ(ခ) အောင်ဇေယျသည် ကိုဇွဲ(ဖမ်းမမိ)၊ မစု(ဖမ်းမမိ)၊ ဆန္ဒ(ဖမ်းမမိ)နှင့် ဒဿ(ဖမ်းမမိ)တို့ လေးဦးနှင့်အတူ မော်တော်ယာဉ်ဖြင့် အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်း၊ အောင်ဆန်းဈေးရှေ့ရှိ လမ်းဘေးအသုတ်ဆိုင်အနီးသို့ သွားရောက်ကာ ဝင်းခန့်ကိုကို(ခ) ငှက်ကလေး(ခ) ရှိုင်းဝဏ္ဏ(ခ) အောင်ဇေယျမှ အသုတ်ဆိုင်တွင်ထိုင်နေသည့် ရာအိမ်မှူး ဦးဇော်မင်းထွန်း အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။
အလားတူ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းတွင်လည်း ဝင်းခန့်ကိုကို(ခ) ငှက်ကလေး(ခ) ရှိုင်းဝဏ္ဏ(ခ) အောင်ဇေယျ၊ တင်ဝင်းလှိုင်(ခ) အငယ်လေးနှင့် မျိုးမြင့်(ခ) ခြူးလေး (ခ)ဂျိမ်းတို့သည် မသက်(ဖမ်းမမိ)၊ ဆန္ဒ(ဖမ်းမမိ)၊ ဒဿ(ဖမ်းမမိ)တို့နှင့် ပူးပေါင်း၍ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ မကွေးလမ်းနှင့် ရွှေဝတ်မှုံလမ်းဆုံ၌ အမှတ်(၁၁)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်ဇော်ဦးနှင့်ဇနီးတို့အား ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိထားသည့် ဝင်းခန့်ကိုကို(ခ) ငှက်ကလေး(ခ) ရှိုင်းဝဏ္ဏ(ခ) အောင်ဇေယျနေအိမ်မှ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် Sigsauer အမျိုးအစားအနက်ရောင် ပစ္စတို တစ်လက်၊ ၎င်းကျည်အိမ် တစ်ခု၊ 9 mm Luger ကျည် ၁၅ တောင့်၊ Golock အမျိုးအစားအနက်ရောင် ပစ္စတို တစ်လက်၊ ၎င်းကျည်အိမ် တစ်ခု၊ 9 mm ပွိုင့် ၃၈၀ ကျည် ၁၅၃ တောင့်၊ လက်ပစ်ဗုံး တစ်လုံး၊ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် နံပါတ်အတုတပ်ဆင်အသုံးပြုသော Toyota Fielder အမျိုးအစားအဖြူရောင် မော်တော်ယာဉ် ၁ စီးတို့ကိုလည်းကောင်းသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့အပြင် ဝင်းခန့်ကိုကို(ခ) ငှက်ကလေး(ခ) ရှိုင်းဝဏ္ဏ(ခ) အောင်ဇေယျ၏ဇနီး မသင်းပွင့်စံ(ဖမ်းမမိ)နေထိုင်သည့် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ အောင်သိဒ္ဓိလမ်း၊ “မိဘဂုဏ်ရည်” အဆောင်၊ အခန်းအမှတ်(၃)သို့ ဆက်လက်ရှာဖွေခဲ့ရာ အခန်းအတွင်းရှိ အိပ်ရာအနီးမှ CZ 75D A 134321 စာတမ်းပါ အနက်ရောင်ပစ္စတိုသေနတ် တစ်လက်၊ ၎င်းကျည်အိမ် လေးခု၊ 9 mm Luger ကျည် ငါးတောင့်၊ Thai Arms ကျည် လေးတောင့်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိထားသည့် ဝင်းခန့်ကိုကို(ခ) ငှက်ကလေး(ခ) ရှိုင်းဝဏ္ဏ(ခ) အောင်ဇေယျ၏ ထွက်ဆိုချက်အရ ၎င်းတို့အဖွဲ့ဝင်ဖြစ်သည့် မင်းစံ(ခ)မျိုးဦး(ဖမ်းမမိ) နေထိုင်သည့် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ ချောင်းဦးလမ်း၊ အမှတ်(၃၃၃/က)နေအိမ်မှ အနက်ရောင် ၇၉ ဗုံးပစ်လောင်ချာ နှစ်လက်၊ အနက်ရောင် M 16 မောင်းပြန်ရိုင်ဖယ် သေနတ် တစ်လက်၊ ၎င်းကျည်အိမ် တစ်ခု၊ ၄ဝ မမကျည် ငါးတောင့်၊ လက်လုပ်ဗုံးပြုလုပ်ရာတွင် အသုံးပြုသည့် ဆားကစ်ပြား ၅ဝဝ ခု၊ နီ/နက်အရောင် အဖွင့်အပိတ်ခလုတ် ၁ဝဝ ခု၊ Panasonic စာတမ်းပါ ဓာတ်ခဲခြောက် (၁ဝ)လုံးစီပါ စက္ကူဖာ ၃ဝ ဖာ၊ PVC စာတမ်းပါ ဝါယာကြိုးခွေ ငါးခွေ၊ ဝါယာကြိုးပါ ဓာတ်ခဲခြောက်နှင့်တွဲသည့် ကတ်သီး ၃ဝဝ ခု၊ ဒီတိုနေတာ ၂ဝ ချောင်း၊ ယမ်းကြိုးခွေ တစ်ခွေ၊ မီတာ ထောက်ကိရိယာ နှစ်ခု၊ ကော်အရည်ဖျော် Gun တစ်ခု၊ Remote မျိုးစုံ သုံးခု၊ အပြာရောင် PVC ပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်ဗုံး တစ်လုံး၊ Keypad ဖုန်း နှစ်လုံး၊ ဓာတ်ခဲအားသွင်းစက် တစ်ခု၊ ဘက်ထရီစက်ဘီးအားသွင်းကြိုး တစ်စုံ၊ သံပိုက်ဖြင့် ပြုလုပ်ထားသာ လက်လုပ်ဗုံး နှစ်လုံး၊ လက်လုပ်ဗုံးပြုလုပ်ရာတွင် အသုံးပြုသည့် သံတိုသံစ တစ်ဖာ၊ မီးတိပ်မျိုးစုံ ၁၇ ခွေ၊ 9 mm Thai Arms ပစ္စတိုကျည် ၉၆ တောင့်၊ 380 Auto USA -A ပစ္စတိုကျည် ၄၈ တောင့်၊ 380 Auto Thai Arms ပစ္စတိုကျည် ၁၃ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ပြစ်မှုကျူးလွန်ခဲ့ကြသည့် ဖမ်းဆီးရထားသူ ထွန်းနိုင်စိုး(ခ)ဘီးကျဲ၊ မိုးစက်အောင်(ခ) ကိတ်ကိတ်(ခ)တရုတ်လေး၊ အောင်နိုင်ဝင်း(ခ)ကိုဖြိုးတို့ သုံးဦး၏ ထွက်ဆိုချက်အရ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝင်း၊ ပိတောက်(၃)လမ်း၊ ၅ လမ်းနှင့် ၆ လမ်းကြား၊ အမှတ် (၂၁၆)ဂိုဒေါင်အတွင်း သိုဝှက်သိမ်းဆည်းထားသော လက်လုပ်ရှော့တိုက်ဒုံးများပြုလုပ်ရာတွင် အသုံးပြုသည့်သတ္တုပိုက် ၉ ချောင်း၊ AB ကော်ဗူး ၆ ဗူး၊ သတ္တုဖင်ပိတ် ၉ ခု၊ သတ္တုပြား ၉ ခု၊ သတ္တုတုံး ၉ တုံး၊ မိုလောင်းထားသည့် ထိပ်ဖူး ၉ ခု၊ ဝိုင်ယာကြိုးအနီခွေ တစ်ခွေနှင့် ဝါရှာကွင်း ၃၀ ကွင်းတို့ကို လည်းကောင်း၊ မိုးစက်အောင်(ခ) ကိတ်ကိတ်(ခ) တရုတ်လေး၊ ဧပရယ်မိုးနိုင်(ခ) သီရိ(ခ) ဘေဘေတို့ နှစ်ဦး၏ ထွက်ဆိုချက်အရ မရမ်းကုန်းမြို့နယ်၊ (၅)ရပ်ကွက်၊ ဝိဇ္ဇာ(၃)လမ်း၊ အိမ်အမှတ်(၁၀၈)တွင် သိုဝှက်သိမ်းဆည်းထားသော လက်လုပ်ရှော့တိုက်ဒုံးများပြုလုပ်ရာတွင် အသုံးပြုသည့် ယမ်းတုံးမျိုးစုံ ၃၆ တုံး၊ လက်လုပ်ရှော့တိုက်ဒုံး ဒလက်/အမြီး ၃၆ ခု၊ သတ္တု/သံအဝိုင်းပြား ၁၈ ပြား၊ Receiver ၁၀ ခု၊ ရီမု တစ်ခု၊ ဓာတ်ခဲ ၈ လုံး၊ လက်လုပ်ရှော့တိုက်ဒုံးထိပ်ဖူးစနက် ၉ ခု၊ လျှပ်စစ် ဒီတိုနေတာ နှစ်ချောင်း၊ ခလုတ် လေးခု၊ Audio ဂျက်ပင်ခေါင်း ၅ ခု၊ လက်လုပ်မိုင်းသံကိုယ်ထည် ၆ ခု၊ ၄ လက်မပိုက်အတွင်း သံမှိုများထည့်ထားသည့် လက်လုပ်မိုင်းကိုယ်ထည် သုံးခု၊ Wifi နှင့် Camera တပ်ဆင်ထားသည့် Receiver တစ်ခုတို့ကိုလည်းကောင်း အသီးသီးထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များအတွင်း မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်မှုနှင့် လုပ်ကြံပစ်ခတ်မှုများ ကျူးလွန်ခဲ့သူများဖြစ်ကြသည့် ရန်နောင်ထွဋ်(ခ) လူစီဖာ(ခ) ရဲရင့်(ခ) လရောင်၊ ထွန်းနိုင်စိုး(ခ) ဘီးကျဲ၊ မိုးစက်အောင်(ခ) ကိတ်ကိတ်(ခ) တရုတ်လေး၊ အောင်နိုင်ဝင်း(ခ) ကိုဖြိုး၊ ဧပရယ်မိုးနိုင်(ခ) သီရိ(ခ) ဘေဘေ၊ ဝင်းခန့်ကိုကို(ခ) ငှက်ကလေး(ခ) ရှိုင်းဝဏ္ဏ(ခ) အောင်ဇေယျ၊ တင်ဝင်းလှိုင်(ခ)အငယ်လေးနှင့် မျိုးမြင့်(ခ) ခြူးလေး(ခ) ဂျိမ်းတို့ (၈)ဦးအား ပြစ်မှုများကျူးလွန်စဉ် အသုံးပြုခဲ့သည့် မော်တော်ယာဉ် နှစ်စီး၊ လက်နက်မျိုးစုံ ၆ လက်နှင့် ခဲယမ်းများ၊ အကြမ်းဖက်ဖောက်ခွဲမှုနှင့် လက်လုပ်ရှော့တိုက်ဒုံးများပြုလုပ်ရန် ပြင်ဆင်ထားသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ ကျူးလွန်ခဲ့သော ပြစ်မှုများအတိုင်း ထိရောက်စွာအရေးယူနိုင်ရေး ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်