
မြန်မာနိုင်ငံသားအဖြစ်မှ စွန့်လွှတ်မည့်သူများ အပ်နှံရမည့် စာရွက်စာတမ်းများကို စင်ကာပူရှိမြန်မာသံရုံး ကထုတ်ပြန်လိုက်သည်။
အပ်နှံရမည့် စာရွက်စာတမ်းများမှာ မြန်မာနိုင်ငံကူးလက်မှတ်၊ မြန်မာနိုင်ငံသား စိစစ်ရေးကတ်ပြားမူရင်း (စိစစ်ရေးကတ်ပြား လျှောက်ထားဖူးခြင်းမရှိပါက ကိုင်ဆောင်ထားခြင်းမရှိကြောင်း တင်ပြစာ)၊ အိမ်ထောင်စုစာရင်းမိတ္တူ ( အိမ်ထောင်စုစာရင်းတွင် ထည့်သွင်းထားခြင်းမရှိပါက မရှိကြောင်း တင်ပြစာ)၊ မွေးစာရင်း မိတ္တူ အစရှိသည်တို့ ဖြစ်သည်။
ထို့ပြင် လျှောက်ထားရာတွင် နိုင်ငံသားစွန့်လွှတ်လိုကြောင်း လျှောက်လွှာ၊ ကိုယ်ရေးအကျဉ်းချုပ်၊ စင်ကာပူအစိုးရထံမှ မြန်မာနိုင်ငံသားအဖြစ်မှ စွန့်လွှတ်ကြောင်း အထောက်အထား တောင်းခံစာ တို့ကိုလည်း ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း မြန်မာသံရုံးက ထုတ်ပြန်သည်။
အဆိုပါ စာရွက်စာတမ်းများကို ပြန်လည်အပ်နှံနိုင်ခြင်းမရှိသည့် လျှောက်ထားမှုများကို ထောက်ခံစာ ထုတ်ပေးမည်မဟုတ်ကြောင်း စင်ကာပူရှိမြန်မာသံရုံး က ထုတ်ပြန်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်