
၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝန်းတွင် လက်နက်ကိုင်ပဋိပက္ခများ ကျယ်ပြန့်လာခဲ့ သည်။
လက်ရှိတွင် ရှမ်းပြည်နယ်၊ ရခိုင်ပြည် နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေ သကြီး မြောက်ဘက်ခြမ်း၊ ပဲခူးတိုင်းဒေသကြီး အရှေ့ဘက်ခြမ်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည် နယ်နှင့် မွန်ပြည်နယ်တို့တွင် လက်နက်ကိုင် ပဋိပက္ခများ အပြင်းအထန်ဖြစ်ပွားနေသည်။
လက်နက်ကိုင်ပဋိပက္ခကျယ်ပြန့်လာမှု နှင့်အတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ ထိန်းချုပ်ထားသည့် ပြည်နယ်များ တွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုမှာလည်း မြင့် တက်လျက်ရှိသည်။
မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အနည်းငယ်ကျဆင်း သော်လည်း ကမ္ဘာ့ဘိန်းနှင့် ဘိန်းဖြူတို့၏ အဓိကအရင်းအမြစ်အဖြစ် ရပ်တည်နေ ကြောင်း မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး (UNODC) က ထုတ်ပြန်ခဲ့ သည်။
မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှုသည် သုံးနှစ်အကြာတွင် တိုးတက်မှုနှုန်း မြင့်မားနေ ဆဲဖြစ်ကြောင်း မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု ဆိုင်ရာကုလသမဂ္ဂရုံး (UNODC) ၏ အရှေ့ တောင်အာရှအတွက် ၎င်းင်း၏ နောက်ဆုံးဘိန်း စစ်တမ်းတွင် ဖော်ပြခဲ့သည်။
UNODC က ထုတ်ပြန်လိုက်သည့် “မြန်မာ့ဘိန်းစစ်တမ်း ၂၀၂၄-စိုက်ပျိုးမှု၊ ထုတ်လုပ်မှုနှင့် သက်ရောက်မှုများ” အစီရင်ခံစာသည် မြန်မာနိုင်ငံ၌ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက် တတိယမြောက် စိုက်ပျိုးရာ သီအတွင်း မြန်မာနိုင်ငံအတွင်းရှိ စုဆောင်း ထားသော အချက်အလက်များကို ခွဲခြမ်းစိတ် ဖြာ၍ ထုတ်ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။
UNODC က ထုတ်ပြန်သည့် မြန်မာ နိုင်ငံ၏ ဘိန်းစိုက်ပျိုးမှုစစ်တမ်း ၂၀၂၄ တွင် သုံးနှစ်ဆက်တိုက် ဘိန်းစိုက်ပျိုးသည့် ဧရိယာ မှာ လေးရာခိုင်နှုန်း ဟက်တာအားဖြင့် ၄၅ç ၂၀၀ (၁၁၁ç၇၀၀ ဧက) သို့ ကျဆင်းသွားပြီး ထုတ်လုပ်မှုမှာ ရှစ်ရာခိုင်နှုန်း မက်ထရစ်တန် အားဖြင့် ၉၉၅ မက်ထရစ်တန် ကျဆင်းသွား ကြောင်း၊ ဘိန်းထွက်ရှိမှုမှာလည်း လေးရာခိုင် နှုန်း ကျဆင်းသွားကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် အာ ဖဂန်နစ္စတန်နိုင်ငံကို ကျော်တက်ပြီး ကမ္ဘာ့ ဘိန်းအများဆုံး ထုတ်လုပ်သော နိုင်ငံဖြစ်လာ ကြောင်း၊ ၂၀၂၁ ခုနှစ် အာဖဂန်နစ္စတန်နိုင်ငံ တွင် တာလီဘန်တို့က ဘိန်းစိုက်ပျိုးမှုကို ပိတ် ပင်လိုက်ပြီးနောက် ဘိန်းစိုက်ပျိုးမှု ၉၅ ရာ ခိုင်နှုန်း ကျဆင်းသွားကြောင်း UNODC က ထုတ်ပြန်သည်။
“လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်ကတည်းက မြန်မာနိုင်ငံမှာ ဘိန်းထုတ်လုပ်တဲ့ ပမာဏဟာ အမြင့်ဆုံးအဆင့်နဲ့ နီးစပ်နေသေးတယ်”ဟု UNODC ၏ အရှေ့တောင်အာရှနှင့် ပစိဖိတ် ဆိုင်ရာကိုယ်စားလှယ် မစ္စတာ မာဆော့ကာရီ မီပေါက ပြောကြားသည်။
ထိုအခြေအနေတွင် မြန်မာနိုင်ငံ၌ ဘိန်း စိုက်ပျိုးမှုနှင့် ထုတ်လုပ်မှုသည် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ တိုးလာနေပြီး အဓိက အားဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပေါ်ပြီး ပေါ်ပေါက်လာသည့် အကျပ်အတည်းကြောင့် ဖြစ်ကြောင်း UNODC ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်းအ လဲ မဖြစ်မီကာလနှင့် ယှဉ်ကြည့်လျှင် တည်ငြိမ် သောကာလအတွင်း ဘိန်းစိုက်ပျိုးမှုကို စွန့် လွှတ်ခဲ့သည့် သီးနှံစိုက်တောင်သူ အများအ ပြားသည် ဘိန်းပြန်လည်စိုက်ကြသည်ဟု UNODC ၏ အရှေ့တောင်အာရှနှင့် ပစိဖိတ် ဆိုင်ရာကိုယ်စားလှယ် မစ္စတာ မာဆော့ ကာရီ မီပေါက ပြောကြားသည်။
ထိုစစ်တမ်းကို မြေပြင်စုံစမ်းမှုများနှင့် ဂြိုဟ်တုမှ ထောက်လှမ်းမှုများကို အသုံးပြုခဲ့ ခြင်းလည်း ဖြစ်သည်။
ဘိန်းထုတ်လုပ်မှု အပြောင်းအလဲ၏ အကျိုးဆက်ကို ရှင်းလင်းစွာ မသိရကြောင်း UNODC သုတေသနအရာရှိ မစ္စတာ အင်ရှစ် ဆင်းက ပြောကြားသည်။
“ကမ္ဘာ့ဘိန်းဖြူဖြန့်ချိရေးကွင်းဆက်ကို လတ်တလော အပြည့်အဝ မချိန်ညှိနိုင်သေး ဘူးလို့ ကျွန်တော်တို့ ယူဆတယ်။ ကမ္ဘာမှာ ဘိန်းဖြူလိုအပ်လို့ စျေးကွက်ကို ဖြည့်ဆည်း ပေးဖို့လိုပြီး မြန်မာဘိန်းစိုက်သူတွေ ပိုမိုစိုက် ပျိုးမှု တိုးလာစေတယ်” ဟု ၎င်းင်းက ဆိုသည်။
သို့သော် ၂၀၂၄ ခုနှစ်တွင် မတည်ငြိမ် သည့် အဓိကဒေသ၌ တိုက်ပွဲများ အလွန်ပြင်း ထန်သောကြောင့် ဘိန်းထုတ်လုပ်သည့် ရှမ်း နှင့် ကချင်ပြည်နယ် အရှေ့ပိုင်း၊ မြန်မာနိုင်ငံ မြောက်ပိုင်းတို့တွင် နေရပ်စွန့်ခွာမှုနှင့် သွား လာမှုအခက်အခဲရှိပြီး ထုတ်လုပ်မှု အကန့်အ သတ်ဖြစ်စေကြောင်း UNODC က ထောက်ပြ သည်။
ထို့ကြောင့် ဘိန်းထုတ်လုပ်မှု တန့်နေ သည်ဟု မယူဆနိုင်ကြောင်း ကုလသမဂ္ဂကျွမ်း ကျင်သူများက ပြောကြားသည်။
“စိတ်ပျက်စရာကောင်းတာက မြန်မာက ကျယ်ပြန့်ပြင်းထန်လာတဲ့ ပဋိပက္ခဟာ စိုးရိမ် မှုကြီးထွားစေကြောင်း ကျွန်တော်တို့ တွေ့နေ ရတယ်” ဟု UNODC ၏ အရှေ့တောင်အာရှ နှင့် ပစိဖိတ်ဆိုင်ရာကိုယ်စားလှယ် မစ္စတာ မာဆော့ ကာရီမီပေါက ပြောကြားသည်။
“မြန်မာအခြေအနေက မတည်ငြိမ်ဘဲ စီမံအုပ်ချုပ်ရေး၊ လူသားချင်းစာနာမှုအကူ အညီ အကျပ်အတည်း ဆက်လက်ဖြစ်နေတာ နဲ့ ပိုမိုများပြားတဲ့သူတွေ ဘိန်းစိုက်တာကို ကျွန်တော်တို့ တွေ့ရနိုင်တယ်” ဟုလည်း ၎င်းင်း က ဆိုသည်။
UNODC ၏ အစီရင်ခံစာတွင် မြန်မာ နိုင်ငံအတွင်း ဘိန်းစိုက်ပျိုးမှုဒေသတွင်း ကွဲ ပြားမှုများကို မီးမောင်းထိုးပြထားသည်။
ရှမ်းပြည်နယ်သည် နိုင်ငံ၏ ဘိန်းစိုက်ပျိုး မှု စုစုပေါင်း၏ ၈၈ ရာခိုင်နှုန်းဖြင့် အထင် ရှားဆုံး ဒေသအဖြစ် ဆက်လက်တည်ရှိနေ ကြောင်း၊ လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံတို့နှင့် ထိစပ်နေသော ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရှမ်းပြည်နယ် အရှေ့ပိုင်းတို့တွင် ဘိန်းစိုက်ပျိုး မှု အနည်းငယ် လျော့နည်းသွားသော်လည်း ဘိန်းစိုက်ပျိုးမှုမှာ ၁၀ ရာခိုင်နှုန်း တိုးလာ ကြောင်း တွေ့ရသည်ဟု UNODC က ဆိုသည်။
ဘိန်းလုပ်ငန်း ပူးပေါင်းဆောင်ရွက်သည့် အမျိုးမျိုးသော တိုင်းရင်းသားလက်နက်ကိုင် များကို မြန်မာအစိုးရ ထိန်းချုပ်နိုင်မှု အနည်း ငယ်သာရှိပြီး ဥပဒေမဲ့နေသောကြောင့် ထို ဒေသတွင် ဘိန်းနှင့် ဘိန်းဖြူထုတ်လုပ်မှု ထွန်း ကားလာကြောင်း အစီရင်ခံက ဆိုသည်။
ထိုဒေသတွင် ဘိန်းထုတ်လုပ်မှု ကျဆင်း ပြီးနောက် မကြာသေးမီနှစ်များအတွင်း မက် သာဖက်တမင်း ဆေးပြားများနှင့် ဆေးပုံ ဆောင်ခဲထုတ်လုပ်မှု တိုးလာသည်။
လုပ်အားအကြီးအကျယ် လိုအပ်သည့် ဘိန်းစိုက်ပျိုးခြင်းထက် မက်သာဖက်တမင်းကို လုပ်ငန်းအတိုင်းအတာ ကြီးကြီးမားမားဖြင့် ထုတ်လုပ်ရန် ပိုမိုလွယ်ကူပြီး ကုန်းလမ်း၊ ရေ လမ်းနှင့် လေကြောင်းမှ အာရှနှင့် ပစိဖိတ် ဒေသသို့ ဖြန့်ချိနေကြောင်း သိရသည်။
“ဘိန်းစိုက်ရတဲ့ နံပါတ် (၁) အကြောင်း ရင်းကတော့ ဝမ်းရေးဖြေရှင်းဖို့ဖြစ်ပြီး စီးပွား ရေးလိုအပ်ချက်က ဆက်လက်အခြေအနေ ဆိုးရွားပြင်းထန်နေမှာဖြစ်တယ်။ ဒါကြောင့် ဘိန်းဆက်လက်စိုက်ဖို့ စေ့ဆော်မှုက ကျဆင်း သွားမယ်လို့ မခန့်မှန်းနိုင်ဘူး” ဟု UNODC သုတေသနအရာရှိ မစ္စတာအင်ရှစ်ဆင်းက ပြောကြားသည်။
ထို့ပြင် ကချင်ပြည်နယ်တွင် ဘိန်းစိုက် ပျိုးမှု ၁၀ ရာခိုင်နှုန်း လျော့ကျခဲ့ပြီး အိန္ဒိယနှင့် နယ်စပ်အနီး ဘိန်းအများဆုံး စိုက်ပျိုးသည့် ချင်းပြည်နယ်တွင် ၁၈ ရာခိုင်နှုန်း သိသိသာ သာ တိုးလာခဲ့ကြောင်း UNODC ၏ အစီရင်ခံ စာတွင် ဖော်ပြထားသည်။
ထို့ပြင် အခြားဒေသများနှင့် နှိုင်းယှဉ်ပါ က ယေဘုယျအားဖြင့် စိုက်ပျိုးမှုနည်းပါးသည့် ကယားပြည်နယ်သည် ၂၀၂၄ ခုနှစ်တွင် ရှစ် ရာခိုင်နှုန်း တိုးတက်ခဲ့သည်ဟု UNODC ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
“မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးတဲ့တောင် သူတွေဟာ မချမ်းသာပေမဲ့ ခက်ခဲတဲ့အခြေ အနေတွေကြားမှာ မိသားစုရဲ့ အခြေခံလိုအပ် ချက်တွေကို ဖြည့်ဆည်းဖို့ ရိုးရှင်းစွာနဲ့ အသက် မွေးဝမ်းကျောင်းပြုနေကြပါတယ်” ဟု ့ြဥ -ီဃ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ ယတ်တာ ဒါကောဝါက မှတ်ချက်ပြုပြောကြားသည်။
အစီရင်ခံစာတွင် မြန်မာနိုင်ငံ၌ ဘိန်း စိုက်ပျိုးမှုကို ဖြစ်ပေါ်စေသည့် လူမှုစီးပွားရေး ဆိုင်ရာ အချက်များကို ခွဲခြမ်းစိတ်ဖြာ၍ ဘိန်း စိုက်ပျိုးမှုနှင့် လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု တို့အကြား အပြန်အလှန်မှီခိုနေမှုကိုများကို လည်း ဖော်ပြထားသည်။
အထူးသဖြင့် ဘိန်းစိုက်ပျိုးသည့်ကျေးရွာများနှင့် အိမ်ထောင်စုများအနေဖြင့် စီး ပွားရေးအခြေအနေများ၊ ပြည်သူ့ဝန်ဆောင်မှု များ နည်းပါးခြင်း၊ ေ<ကးမြီမြင့်မားခြင်းနှင့် မတည်ငြိမ်မှု မြင့်မားခြင်းတို့ကြောင့် ဖြစ် ကြောင်း UNODC က ဆိုသည်။
၂၀၂၃ ခုနှစ် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အခြေအနေ
၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၆ ရက်က ထုတ် ပြန်သည့် မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင် ရာကုလသမဂ္ဂရုံး (UNODC) ၏ အစီရင်ခံစာ တွင်လည်း မြန်မာနိုင်ငံတွင်ဘိန်းထုတ်လုပ်မှု သိသိသာသာ မြင့်တက်လာသည်ဟု ဖော်ပြ ထားသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နောက် ပိုင်း ဘိန်းစိုက်ပျိုးခြင်းအတွက် အသုံးပြုသော မြေဧရိယာသည် ပထမဆုံး အပြည့်အဝ စိုက် ပျိုးရာသီဖြစ်သော ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ဟက်တာ ၄၀,၀၀၀ ကျော်လောက်အထိ သုံးပုံ တစ်ပုံ တက်လာသည်ဟု UNODC ၏အစီ ရင်ခံစာတွင် ဖော်ပြထားသည်။
ဖြစ်နိုင်ခြေအထွက်နှုန်းမှာလည်း ယခင် နှစ်ထက်နှိုင်းယှဉ်ပါက တန်ချိန် ၇၉၀ အထိ ၉၀ ရာခိုင်နှုန်းနီးပါး မြင့်တက်လာသည်ဟု ဆိုသည်။
မြန်မာ့ဘိန်းစီးပွားရေး သိသာထင်ရှားသောတိုးပွားမှုရှိနေသည်ဆိုခြင်းကို ရလဒ် များက သက်သေခံနေသည်ဟု ယင်းအစီရင် ခံစာက ဆိုသည်။
“၂၀၂၁ ဖေဖော်ဝါရီ အာဏာလွှဲပြောင်း ယူမှုအပြီး ဖြစ်လာတဲ့ စီးပွားရေး၊ လုံခြုံရေး၊ အစိုးရ နှောင့်ယှက်မှုတွေဟာ ပေါင်းဆုံသွားပါ တယ်။ တောင်သူတွေဟာ ဘိန်းဘက် ပြန် လှည့်ရုံကလွဲလို့ ရွေးစရာ နည်းနည်းပဲရှိပါ တယ်” ဟု UNODC ဒေသဆိုင်ရာကိုယ်စား လှယ် ဂျရမီဒေါက်ဂလက်စ်က ပြောကြား သည်။
“မူးယစ်လုပ်ငန်းမှာ ကျွန်တော်တို့ မျက် ၀ါးထင်ထင်မြင်နေရတဲ့ တိုးပွားလာမှုဟာ မြန် မာနိုင်ငံ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းနဲ့ တိုက်ရိုက်အားဖြင့် ဆက်စပ်နေပါတယ်”ဟု ၎င်းင်းက ပြောကြားသည်။
၂၀၁၄ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ မြင်ရသော ဘိန်းထုတ်လုပ်မှု ကျဆင်းလာ သော အလားအလာသည် ပြောင်းပြန်ဖြစ် သွားသည်ဟု ဂြိုဟ်တုဓာတ်ပုံများနှင့် ကွင်း ဆင်းမှုတို့ကို အခြေခံထားသာအစီရင်ခံစာ တွင် ဆိုထားသည်။
မြန်မာ့ဘိန်းစီးပွားရေးသည် ဒေါ်လာ နှစ်ဘီလျံဝန်းကျင်ရှိပြီး ၂၀၂၁ ခုနှစ် မြန်မာ့ ဂျီဒီပီ၏ သုံးရာခိုင်နှုန်းနှင့် ညီမျှသည်ဟု UNODC က ခန့်မှန်းထားသည်။
ထို့ပြင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်က ထုတ်ပြန်သည့် မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု ဆိုင်ရာကုလသမဂ္ဂရုံး (UNODC) ၏ အစီရင် ခံစာတွင်လည်း ပြည်တွင်းရေး မတည်ငြိမ်မှု နှင့် အာဖဂန်နစ္စတန်နိုင်ငံ၌ ဘိန်းစိုက်ပျိုးမှု ကျဆင်းခြင်းတို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ဘိန်းစိုက်ပျိုးမှု အများဆုံးနိုင်ငံဖြစ်လာ သည်ဟု ထုတ်ပြန်ခဲ့သည်။
၂၀၂၂ ခုနှစ်တွင် တာလီဘန်က မူးယစ်ဆေးဝါးကို ပိတ်ပင်လိုက်ပြီးနောက် အာဖဂန်နစ္စတန်နိုင်ငံ၌ ဘိန်းစိုက်ပျိုးမှု ၉၅ ရာခိုင်နှုန်း ကျဆင်းသွားခြင်းက တစ်ကမ္ဘာလုံးဘိန်း ရရှိမှုသည် မြန်မာနိုင်ငံသို့ ပြောင်းသွားသည် ဟု UNODC ၏ အစီရင်ခံစာတွင် ဖော်ပြ ထားသည်။
၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၌ နိုင်ငံရေး အပြောင်းအလဲဖြစ်ခဲ့ပြီးနောက်ပိုင်း မြန်မာ နိုင်ငံတွင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး မတည်ငြိမ်မှုတို့ဖြစ်ပေါ်ခဲ့ခြင်းက မြန်မာ တောင်သူအများစုကို ဘိန်းစိုက်ပျိုးသည့် အနေအထားဖြစ်စေခဲ့သည်ဟု UNODC က ဆိုသည်။
ဘိန်းစိုက်ပျိုးမှုဧရိယာသည် နှစ်အလိုက် ၁၈ ရာခိုင်နှုန်းမြင့်တက်လာပြီး ၄၀၁၀၀ ဟက် တာမှ ၄၇၀၀၀ ဟက်တာအထိ တိုးလာသည် ဟု UNODC ၏ အစီရင်ခံစာတွင် ဖော်ပြ ထားသည်။
ထို့ကြောင့် ဘိန်းထွက်ရှိမှုသည် ၂၀၀၁ ခုနှစ်နောက်ပိုင်း အများဆုံးပမာဏကို ရောက် လာနိုင်သည်ဟု UNODC က ထောက်ပြထား သည်။
“၂၀၂၁ ခုနှစ်မှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ခဲ့ပြီးနောက်ပိုင်း စီးပွားရေး၊ လုံခြုံ ရေး၊ အုပ်ချုပ်ရေးတို့ မတည်မငြိမ်ဖြစ်လာ တာကနေ ခေါင်တဲ့ဒေသတွေက တောင်သူ တွေဟာ ဝင်ငွေရအောင် ဘိန်းစိုက်တာတွေ ဆက်လက်လုပ်ကိုင်နေပါတယ်” ဟု အစီရင်ခံ စာတွင် ဖော်ပြထားသည်။
မည်သို့ပင်ဆိုစေကာမူ မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း ၂၀၂၃ ခုနှစ်မှစ၍ ဘိန်းစိုက်ပျိုးထုတ်လုပ် မှုသည် ကမ္ဘာ့နံပါတ် (၁) ဖြစ်လာခဲ့သည်မှာ နှစ်နှစ်ဆက် ရှိလာခဲ့ပြီဖြစ်သည်။
နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးနောက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျယ်ပြန့်လာ သည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် လည်း တိုင်းရင်းသားလက်နက်ကိုင်များရှိရာ ပြည်နယ်များတွင် မြန်မာအစိုးရ၏ထိန်းချုပ် နိုင်မှု အနည်းငယ်သာရှိပြီး ဥပဒေမဲ့ဖြစ်သော ကြောင့် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု မြင့်တက် လာခြင်းဖြစ်ကြောင်း ကုလသမဂ္ဂတာဝန် ရှိသူများက ပြောကြားထားသည်။
မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခ များ ဆက်လက်ကျယ်ပြန့်နေမည်ဆိုပါက ဘိန်း စိုက်ပျိုးထုတ်လုပ်မှုများလည်း ဆက်လက်မြင့် တက်နေမည်ဖြစ်ကြောင်း စစ်ရေးအကဲခတ် များက ခန့်မှန်းထားသည်။
“ကျွန်တော်တို့ဆွေးနွေးခဲ့တဲ့ တွန်းအား တွေ ဆက်ရှိနေမှာမို့ နိုင်ငံတကာအသိုက်အ ဝန်းအနေနဲ့ သီးနှံစိုက်တောင်သူတွေကို ကူညီ ဖို့၊ ဘိန်းစီးပွားရေးမရှိဘဲ ခံနိုင်စွမ်းရည်ရှိ အောင် ထူထောင်ပေးဖို့ တတ်နိုင်သမျှ လုပ် ပေးရမယ်။ ကမ္ဘာ့ဘိန်းဖြူဖြန့်ချိရေး ကွင်း ဆက်တွေနဲ့ ပတ်သက်နေလို့ မြန်မာနဲ့ အာဖ ဂန်နစ္စတန် အခြေအနေကို ဆက်လက် စောင့် ကြည့်ဖို့အရေးကြီးတယ်” ဟု UNODC ၏ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဆိုင်ရာကိုယ် စားလှယ် မစ္စတာ မာဆော့ ကာရီမီပေါက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်