မန်ယူအသင်းနှင့် သတင်းထွက်နေသည့် ယိုကယ်ရက်စ် စပို့တင်းလစ္စဘွန်းအသင်းတွင် ရာသီကုန်အထိ ဆက်ရှိမည်
24htopnews | January 6, 2025 3:12 AM CST

မန်ချက်စတာယူနိုက်တက်အသင်းနှင့် သတင်းထွက်နေသည့် စပို့တင်းလစ္စဘွန်း တိုက်စစ်မှူး ယိုကယ်ရက်စ်သည် လက်ရှိအသင်းတွင်ပင် ရာသီကုန်အထိ ဆက်နေမည် ဖြစ်ကြောင်း သိရသည်။
ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်ဖွင့်ချိန်တွင် ယိုကယ်ရက်စ်၏အပြောင်းအရွှေ့သတင်းများ အဆက်မပြတ် ထွက်ပေါ်လျက်ရှိသည်။
သို့သော် ၎င်းကိုယ်တိုင်က ယခုအပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာရန် ဆန္ဒမရှိကြောင်း အေးဂျင့်ဖြစ်သူ ဟာဆန်ချယ်တင် ကာယာကို ပြောကြားခဲ့သည်ဟု စပိန်သတင်းစာ AS က ဖော်ပြခဲ့သည်။
မန်ယူအသင်းသည် ယိုကယ်ရက်စ်အား စာချုပ်လျော်ကြေးပမာဏအတိုင်း ပေးပြီး ခေါ်ယူဖွယ်ရှိသည်ဟု သတင်းထွက်ခဲ့ခြင်းဖြစ်သည်။
ယိုကယ်ရက်စ်၏ စာချုပ်လျော်ကြေးမှာ ယူရို သန်း ၁၀၀ ဖြစ်ပြီး သူ၏စာချုပ်သက်တမ်းမှာ သုံးနှစ်ကျန်ရှိနေသေးကြောင်း သိရသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်