
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် မတ်လ(၁၉) ရက် နံနက် ၁၀ နာရီခွဲ ပစ်ခတ်ဖြိုခွင်းမှုအတွင်း ၇ ဦးထက်မနည်း သေဆုံးခဲ့ကာ၊ ၇ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။
ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် မတ်လ(၁၉) ရက် မနက် ၁၀ နာရီ ခွဲခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ မော်တော်ယာဉ် ၂၀ စီးခန့်ဖြင့် ရောက်ရှိလာပြီး ဆန္ဒပြသပိတ်ကြောင်းများကို ပစ်ခတ်ဖြိုခွင်းမှုအတွင်း ထိခိုက်ဒဏ်ရာရရှိသူ အများအပြား ရှိခဲ့ကြောင်း သိရသည်။
“အောင်ပန်းမှာ သေဆုံးသူ ၈ ယောက်၊ လောလောဆယ် အချိန်ထိတော့ ၈ ယောက်၊ နေ့လည် ၁ နာရီ အချိန်ခန့် ပေါ့။ ကလောဆေးရုံ တစ်ယောက်သေတယ်။ ၆ ယောက်က အောင်ပန်းရဲစခန်းထဲကို ခေါ်သွားတာ၊ ကလောဆေးရုံ ရောက်တာ ၇ ယောက် ဒဏ်ရာ ရတယ်။ အောင်ပန်းမှာ ဘယ်လောက်ရှိလဲ သေချာမသိရသေးဘူး။ ကလောဆေးရုံမှာ ပို့ထားတယ်။လည်ပင်း မှန်တဲ့ တစ်ယောက်လည်း ကလော ဆေးရုံ မှာပဲ၊ အရေးပေါ် ပြုစုပေးနေရတယ်။ ” ဟု လူမှုကူညီရေးအသင်း တာဝန်ရှိသူ တစ်ဦး က ဆိုသည်။
အောင်ပန်းမြို့တွင် ယခင်ရက်များက ဖမ်းဆီးခံရသူပေါင်း (၁၇) ဦးခန့် ရှိပြီး၊ ပြန်လွှတ်လာသူ ငါးယောက်ရှိကာ ကျန် ၁၂ ယောက်ကို ပုဒ်မ ၅၀၅ ဖြင့် အမှုဖွင့် ခံထားခဲ့ရကြောင်း သိရသည်။
တောင်ကြီးမြို့တွင်လည်း ယနေ့အထိ ဖမ်းဆီးခံရသူပေါင်း ၄၀ နီးပါး ရှိလာပြီး၊ မည်သည့် ပုဒ်မ များဖြင့် တရားစွဲဆိုထားကြောင်း မသိရှိရ သေးကြောင်း သတင်းရရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်