Top News

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအား ANA လေကြောင်းလိုင်း၏ ၂၄ ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်
24htopnews | January 6, 2025 6:12 AM CST

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား များအား ANA လေကြောင်းလိုင်း၏ ၂၄ ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။

COVID-19 တားဆီးကာကွယ်ရေး အစီအမံများကြောင့် ဂျပန်နိုင်ငံတွင် အခက်အခဲများဖြင့် ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံသားများနှင့် မိသားစုများအတွက်၂၄ကြိမ်မြောက် ကယ်ဆယ်ရေး  လေယာဉ်အားတိုကျို-အိုကီနာဝါ-ရန်ကုန်ခရီးစဉ်အား မတ်လ ၁၈ရက်နေ့တွင် ပျံသန်းခဲ့ခြင်းဖြစ်သည်။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာသံရုံးအား ပုံမှန်ဖွင့်လှစ်၍ ကောင်စစ်ဝန်လုပ်ငန်းများ လက်ခံဆောင်ရွက်ပေးနေပြီး နေရပ်ပြန် မြန်မာများအတွက် ANA လေကြောင်းလိုင်း ကယ်ဆယ်ရေးလေယာဉ် ပျံသန်းနိုင်ရန် ဆောင်ရွက်နေကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

တိုကျိုမြို့ရှိ၊ မြန်မာသံရုံးအနေဖြင့် အစိုးရရုံးပိတ်ရက်များမှအပ သံရုံးအား ပုံမှန်ဖွင့်လှစ်၍ မြန်မာနိုင်ငံသား အကျိုးဆိုင်ရာ ကောင်စစ်ဝန်ဆောင်မှုလုပ်ငန်းများကို လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး မြန်မာသံရုံးဝန်ထမ်းများမှလည်း ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများနှင့်အညီ ပုံမှန်ရုံးတက်၍ ရုံးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ပြည်ပရောက် မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံသို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ထွက်ခွာနိုင်ရန် မြန်မာသံရုံး၊ တိုကျိုမြို့နှင့် ALL Nippon Airways လေကြောင်းလိုင်းရုံးချုပ်တို့ ပူးပေါင်း၍ ကယ်ဆယ်ရေး လေယာဉ်များ စီစဉ်ဆောင်ရွက်ပေးနေခဲ့ခြင်း ဖြစ်သည်။

COVID-19 တားဆီးကာကွယ်ရေး အစီအမံများကြောင့် ဂျပန်နိုင်ငံတွင် အခက်အခဲများရင်ဆိုင်နေရသည့် မြန်မာနိုင်ငံသားများအတွက် ၂၄ကြိမ်မြောက် ကယ်ဆယ်ရေး လေယာဉ်အာ မတ်လ ၁၈ ရက်က တိုကျိုမြို့၊ တိုကျို(နာရီတာ)-အိုကီနာဝါ(နာဟ) လေဆိပ်မှ တစ်ဆင့် ရန်ကုန်လေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

၂၄ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်တွင် ဂျပန်နိုင်ငံသို့ ကာလတိုဗီဇာဖြင့် အလည်အပတ်လာရောက်ခဲ့ပြီး မြန်မာနိုင်ငံသို့ အချိန်မီပြန်လည်မထွက်ခွာနိုင်သူများ၊ ပညာတော်သင်များ၊ အလုပ်အကိုင် အခက်အခဲရှိသူများ၊ အလုပ်သင် သင်တန်းပြီးဆုံးသူများ၊ မှီခိုသူမိသားစုဝင်များနှင့် ဂျပန်နိုင်ငံ ဆိပ်ကမ်းများတွင် စောင့်ဆိုင်းနေသည့် သင်္ဘောသားများ စုစုပေါင်း ၇၆ဦး လိုက်ပါလာခဲ့ကြောင်း သိရသည်။      

ပြည်ပမှ မြန်မာနိုင်ငံအတွင်းသို့ COVID-19 ရောဂါဝင်ရောက်လာနိုင်မှုနှင့် ကူးစက်ပြန့်ပွားမှုအန္တရာယ်တို့မှ ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် အစီအမံများကို ဆက်လက်ချမှတ် ဆောင်ရွက်လျက်ရှိသည့် ကာလအတွင်း ပြည်ပနိုင်ငံများတွင် ရောက်ရှိပိတ်မိ၍ အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာသင်္ဘောသားများ အပါအဝင် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ရန်အတွက် နိုင်ငံခြားရေး ဝန်ကြီးဌာနသည် ၂၀၂ဝပြည့်နှစ်၊ ဧပြီလ ၁ရက် နေ့မှစတင်၍ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ သက်ဆိုင်ရာဝန်ကြီး ဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများနှင့် ပူးပေါင်း၍ ကယ်ဆယ်ရေးလေယာဉ်များ ပျံသန်းပြေးဆွဲပေးလျက်ရှိရာ ၂၀၂၁ခုနှစ်၊ ဇန်နဝါရီ ၁၂ရက်ထိ မြန်မာနိုင်ငံသား ၄ဝဝဝဝကျော် ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။  


READ NEXT
Cancel OK