
ပြည်ထဲရေးဝန်ကြီးဌာနမှ ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်အရေးယူ ခံထားရသည့် မြန်မာအမျိုးသားလေကြောင်းလိုင်းက လေယာဉ်မှူးကြီး တစ်ဦးအပါအဝင် အရာထမ်း၊ အမှုထမ်း ၁ဝဦးအား အလုပ်မှ ခေတ္တရပ်ဆိုင်းထားကြောင်း သိရသည်။
မြန်မာအမျိုးသားလေကြောင်းလိုင်း မှ လေယာဉ်မှူးကြီးတစ်ဦး၊ လေယာဉ်မောင် သုံးဦး၊ လေယာဉ်မယ်နှစ်ဦး၊ ဆရာဝန်ကြီး တစ်ဦး၊ မန်နေဂျာတစ်ဦး၊ လက်ထောက်မန် နေဂျာတစ်ဦးနှင့် Senior Agent တစ်ဦး စုစုပေါင်း ၁ဝဦးအား ပြည််ထဲရေးဝန်ကြီးဌာနမှ ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်အရေးယူထား ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန် ကြီးဌာနမှ အကြောင်းကြားလာသဖြင့် မြန်မာ အမျိုးသားလေကြောင်းလိုင်း၊ ဝန် ထမ်းလက်စွဲစာစောင်ပါ အပိုဒ် ၃.၀၆၉(ဃ ) (၁)အရ အလုပ်မှ ခေတ္တရပ်ဆိုင်းလိုက် ခြင်းဖြစ်ကြောင်း အသိပေးအကြောင်းစာ အား ဝန်ထမ်းများသို့ လေကြောင်းလိုင်းမှ ပေး ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာအမျိုးသားလေကြောင်းလိုင်း ဌာနအသီးသီးမှ CDM ဆောင်ရွက်သည့် ဝန်ထမ်း ၂၆၉ဦးရှိပြီး အဆိုပါ ဝန်ထမ်း ၂၆၉ဦးအနက် ပြည်ထဲရေးဝန်ကြီးဌာနမှ ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်အရေးယူထား သည့် ဝန်ထမ်း ၁ဝဦးအား မတ်လ ၁ရက်နေ့ မှစ၍ အလုပ်မှ ခေတ္တရပ်ဆိုင်းထားပြီး ရဲစခန်းမှ တရားစွဲဆိုဖမ်းဆီးသည့် နေ့တွင် ဝန်ထမ်း လက်စွဲစာစောင် အပိုဒ် ၅.၀၇(ဃ) အရ ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်မည်ဖြစ် ကြောင်း သိရသည်။
နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) မှ လေယာဉ်မောင်၊ လေယာဉ်မယ်များနှင့် Engineering & Maintenance ဌာနရှိ ဝန်ထမ်းများမှ အလုပ်တာဝန်များကိုဆက်လက်လုပ် ကိုင်ခြင်း မရှိဘဲ Civil Disobedience Capmaign တွင်ပါဝင်ကြောင်း သဘော ထားထုတ်ပြန်ခဲ့ကြောင်း သိရသည်။
နိုင်ငံပိုင် မြန်မာအမျိုးသားလေ ကြောင်းလိုင်း(MNA) ၏ ဌာနအသီးသီး မှ CDM ဆောင်ရွက်သည့် ဝန်ထမ်း ၂၆၉ ဦးရှိပြီး ၊ ၎င်းင်းတို့မှာ အထောက်အကူပြု ဝန် ဆောင်မှုလုပ်ငန်းဌာနမှ ၄ဦး၊ ပျံသန်းမှုလုပ် ငန်းဌာနမှ ၆၄ဦး၊ လေယာဉ်ပြုပြင်ထိန်း သိမ်း ရေးလုပ်ငန်းဌာနမှ ၉ဦး၊ လေယာဉ် မြေ ပြင်ဝန်ဆောင်မှုလုပ်ငန်းဌာနမှ ၁၉၁ဦး၊ စီးပွားရေးဌာနမှ တစ်ဦးတို့ဖြစ်ကြောင်း သိရ သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်