Top News

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ဒေါနဘွားရပ် အုတ်စက်ရပ်ကွက်တွင် ပစ်ခတ်မှုအတွင်း အမျိုးသားတစ်ဦး သေနတ်ကျည် ထိမှန်သေဆုံး
24htopnews | January 6, 2025 6:12 AM CST

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ဒေါနဘွားရပ် အုတ်စက်ရပ်ကွက်တွင် ပစ်ခတ်မှုအတွင်း အမျိုးသားတစ်ဦး သေနတ်ကျည် ထိမှန်သေဆုံးမှု မတ် ၁၈ ရက် ည ၈ နာရီဝန်းကျင်က ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ အောင်မြေသာစံမြို့နယ်၊ နန်းရှေ့၊ ဒေါနဘွားရပ်၊  အုတ်စက်အကွက် (၁၃) ရပ်ကွက်အတွင်း ညကင်း စောင့်နေသူများ ပစ်ခတ်မှုခံခဲ့ရခြင်း ဖြစ်သည်။

"အရင်ရက်တွေက လမ်းမှာ သဲအိတ်တွေနဲ့ ပိတ်ထားတာကို ဖယ်ပေးဖို့ ပြောသွားတယ်။ ဒါကြောင့် ကျွန်တော်တို့ကလည်း တချို့တလေ ဖယ်ထားပြီး လူငယ်တွေ ညကင်း စောင့်နေကြတာပါ။ ညသပိတ် ဆန္ဒပြတာရှိလို့လည်း မဟုတ်ဘဲနဲ့ ပစ်သွားတာပါ။ သုံး‌ယောက် အတိုအစ ထိမှန်ဒဏ်ရာ ရသွားပေမယ့် မောင်သီဟဖြိုးကတော့ တစ်ချက်ထဲနဲ့ ဝမ်းဗိုက်ထိမှန် သေဆုံးသွားတာပါ"ဟု ရပ်ကွက်အတွင်း ညကင်းစောင့်ပေးရင်း သေနတ်ပစ်ခတ်မှုကို မြင်တွေ့ခဲ့ရသူတစ်ဦးက ပြောကြားခဲ့သည်။

ပစ်ခတ်မှုဖြစ်စဉ်ကြောင့် ရပ်ကွက်တွင်းရှိ နေအိမ်နှင့် ဆိုင်တစ်ချို့တွင် ကျည်ပေါက်ရာများကို တွေ့ရှိခဲ့ရပြီး သေနတ် ၁၅ ချက်ခန့်ပစ်ခဲ့သည်ဟု သိရသည်။

အဆိုပါပစ်ခတ်မှုကြောင့် ပန်းရံလုပ်ငန်း လုပ်ကိုင်သူ အသက် ၂၃ နှစ်အရွယ် မောင်သီဟဖြိုးမှာ ဝမ်းဗိုက်ပွင့်ဒဏ်ရာဖြင့် ညတွင်းချင်း သေဆုံးခဲ့ရပြီး ယနေ့ (မတ် ၁၉ ရက်) နေ့လယ် တစ်နာရီတွင် အေးရိပ်ငြိမ်သုသာန်၌ သင်္ဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK