
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးတိုက်နယ်၊ ဘောနတ်ကြီးကျေးရွာအုပ်စု၊ ဘောနတ်ကြီးကျေးရွာရှိ နယ်မြေခံတပ်ရင်းသို့ မတ် ၁၈ ရက် နံနက်အစောပိုင်းတွင် ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမကြီးဘေးရှိ ဝါးကတုတ်ဆည်ပေါ်နှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်မှ နှောင့်ယှက်ပစ်ခတ်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
အဆိုပါပစ်ခတ်မှုအား လုပ်ဆောင်ခဲ့သည့် အဖွဲ့ခေါင်းဆောင်နှင့် အင်အားစိစစ်ဆဲ ဖြစ်ကြောင်း၊ ထိုသို့ပစ်ခတ်မှုကြောင့် နယ်မြေခံတပ်ရင်းနှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်သို့ ၁၀၇ မမ ရှော့တိုက်ဒုံးသီး လေးလုံး ကျရောက် ပေါက်ကွဲခဲ့သော်လည်း လူနှင့်အဆောက်အဦ ထိခိုက်ပျက်စီးမှု မရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ၎င်းတို့ဆုတ်ခွာရာနောက်သို့ တပ်မတော်စစ်ကြောင်းများက လိုက်လံရှင်းလင်းလျက်ရှိကြောင်းနှင့် ပစ်ခတ်ခဲ့သည့်အနီး ပတ်ဝန်းကျင်နေရာ တစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက အသေးစိတ် ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ရာ ပစ်ခတ်ရန် အသင့်ဖြစ်နေသည့် ၁၀၇ မမ ရှော့တိုက်ဒုံးသီး နှစ်ခုအား သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။
အလားတူ မော်လမြိုင်မြို့နယ်အတွင်း မတ် ၁၈ ရက် နံနက် ၈ နာရီခွဲခန့်တွင် လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များသည် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်စဉ် စိစစ်ဆဲအဖွဲ့က မော်လမြိုင်မြို့ရှိ ရွှေနတ်တောင်ပေါ်၌ အချိန်ကိုက်စနစ်ဖြစ် ပစ်ခတ်ရန် စီမံထားသော ၁၀၇ မမ ရှော့တိုက်ဒုံး နှစ်လုံးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက တွေ့ရှိခဲ့ရသဖြင့် သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့ကြောင်း ဖော်ပြထားသည်။
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်