
စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်အတွင်း လူအင်အား ၁၀၀ ခန့်က ရဲတပ််ဖွဲ့ဝင်များအား ရိုက်နှက်ထိုးခုတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိကာ ၎င်းတို့ကိုင်ဆောင်သည့် လက်နက်ငယ်သုံးလက်အား ယူဆောင်သွားကြောင်း ယနေ့(မတ် ၁၈ ရက်)ည ၈ နာရီတွင် နိုင်ငံပိုင်ရုပ်မြင်သံကြား သတင်းထုတ်လွှင့်မှုအရသိရသည်။
ဒီပဲယင်းမြို့နယ် မူးကမ်းနယ်မြေ ရဲစခန်းမှ စခန်းတာဝန်ခံအရာရှိနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦးတို့သည် ၎င်းတို့၏ ရဲစခန်းတွင် အမှုဖွင့်လှစ်ထားရှိသော ရဲအမှုတွဲများအား ဒီပဲယင်းမြို့နယ်တရားရုံးသို့ ဥပဒေအကြံပေးတောင်းခံရန်နှင့် စခန်းဖြုတ်သိမ်းရေး ကိစ္စရပ်အတွက် တင်ပြဆောင်ရွက်ရန် ရဲစခန်းမှထွက်ခွာလာခဲ့ကြောင်း သတင်းထုတ်ပြန်မှုအရသိရသည်။
ထို့နောက် မွန်းလွဲနှစ်နာရီခန့်တွင် ဒီပဲယင်းမှ မူးကမ်းသွားကားလမ်းပေါ်ရှိ ဒီပဲယင်းမြို့နယ် ဖုတ်ထန်းတော ကျေးရွာ အနီးသို့ရောက်ရှိစဉ် လူအင်အား ၁ဝဝ ဦးခန့်က ရဲတပ်ဖွဲ့ဝင်များ မောင်းနှင်စီးနင်းလာသည့် AD Van ယာဉ်အား ဝိုင်းရံပိတ်ဆို့တားဆီးပြီး လိုက်ပါလာသည့် တပ်ဖွဲ့ဝင်သုံးဦးအား ကားပေါ်မှ ဆွဲချ၍ တုတ်/ ဓားများဖြင့် ဝိုင်းဝန်းရိုက်နှက်ထိုးခုတ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။
အဆိုပါဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင် နှစ်ဦးမှာ ဓားဒဏ်ရာရရှိကာ နေရာတွင်သေဆုံးခဲ့ပြီး စခန်းတာဝန်ခံအရာရှိမှာ ဓားဒဏ်ရာ ခုနစ်ချက်ရရှိခဲ့ပြီး နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်ကုသပေးလျက်ရှိကြောင်းနှင့် ၎င်းတို့နှင့်အတူပါရှိသည့် လက်နက်ငယ်သုံးလက်အား လူအုပ်စုက ယူဆောင်သွားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်