Top News

ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီး နှစ်ဦးအား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေများဖြင့် အမှုဖွင့်
24htopnews | January 6, 2025 6:12 AM CST

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် လူမှုရေးဝန်ကြီး ဦးနေဝင်း၊ စည်ပင်ဝန်ကြီး ဦးနော်လီတို့ နှစ်ဦးကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေများဖြင့် အမှုဖွင့်ခံရကြောင်း ယင်းအမှုအား ရှေနေ့အဖြစ် လိုက်ပါဆောင်ရွက်နေသူ တရားလွှတ်တော်ရှေ့နေ ဦးသက်ထွန်းဦးက ပြောကြားသည်။



အဆိုပါ အမှုဖွင့်ခံရမှုတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်ကို သဘာဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒဒေပုဒ်မ ၂၅ ဖြင့် တစ်မှု၊ လူမှုရေးဝန်ကြီး ဦးနေဝင်းကို သုံးမှု၊ စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၉ ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။ 



တရားလွှတ်တော်ရှေ့နေ ဦးသက်ထွန်းဦးက ''ဝန်ကြီးချုပ်ကိုက ပါတီမြို့နယ်ရုံးရှေ့မှာ စက်ဘီးကမ်ပိန်း လုပ်တဲ့အဖွဲ့ကို လက်ပြနှုတ်ဆက်လို့ ဘေး/စီမံ ပုဒ်မ ၂၅ နဲ့ သူနဲ့ ဝန်ကြီးဦးနေဝင်းပေါ့။ ဦးနေဝင်းက မြို့သစ်ကြီးရပ်ကွက် တစ်အိမ်တက်ဆင်း ပြောတဲ့ဟာရယ်၊ အေးမြသာယာမှာ မဲဆွယ်စည်းရုံးတာရယ်ပေါ့။ ဒီဥပဒေပုဒ်မဘဲ သုံးမှုစွဲထားတယ်။ဝန်ကြီး ဦးနော်လီကို ဒီနေ့ဝိုင်းမော်မှာ ဒီနေ့ ရုံးထုတ်ရမှာ မထုတ်ပေးဘူး။ ရှေ့နေ့ပါဝါတင်တယ်။ နောက်အပတ်တော့ မဖြစ်မနေ ရုံးထုတ်ပေးမယ်လို့ ပြောပါတယ်။ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၉ ပေါ့''ဟု ပြောကြားသည်။



ကချင်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းကို ပုဒ်မ ၅၀၅ (ခ) ဖြင့် မြစ်ကြီးနားမြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး  ဦးမင်းရန်နိုင်ထွန်းက မြစ်ကြီးနားမြို့နယ် တရားရုံးတွင်  တရားစွဲဆိုထားခြင်း ဖြစ်သည်။

 


READ NEXT
Cancel OK