
လွိုင်ကော်မြို့တွင် မတ် ၁၉ ရက်က မိုင်းလုံးဆန္ဒပြသပိတ်စစ်ကြောင်းအား ပစ်ခတ်ဖြိုခွဲမှုတွင် ကျည်ထိမှန် သေဆုံးခဲ့သော ဦးကြံအောင် ခေါ် ဦးရှမ်းပု ၏ရုပ်အလောင်းအား ယနေ့ (မတ် ၂၁ ရက်) တွင် လေးမိုင်သုသာန်သို့ ပို့ဆောင်ရာ လူဦးရေ သောင်းချီ လိုက်ပါပို့ဆောင်ကြကြောင်း သိရသည်။
ဦးကြံအောင် ခေါ် ဦးရှမ်းပုမှာ မတ် ၁၉ ရက်က မိုင်းလုံးဆန္ဒပြသပိတ်စစ်ကြောင်းအား ပစ်ခတ်ဖြိုခွဲမှုတွင် လူငယ်များအား ဘေးလွတ်ရာသို့ ရှောင်တိမ်းနိုင်ရန် ကူညီပေးနေစဉ် ဆီးခုံကျည်ထိမှန်သဖြင့် လွိုင်ကော်ဆေးရုံကြီးသို့ ပို့ဆောင်ပြီး မိနစ်အနည်းငယ်အကြာတွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဦးကြံအောင် ခေါ် ဦးရှမ်းပု ကျဆုံးခဲ့သောကြောင့် မိုင်းလုံးသပိတ်စစ်ကြောင်းရှိရာ မိုင်းလုံးရပ်ကွက်အတွင်းရှိ စျေးဆိုင်များအားလုံးနှင့် ကျန်ရပ်ကွက် စျေးဆိုင်အချို့သည် ဝမ်းနည်းခြင်းအဖြစ် ဆိုင်ပိတ်ထားကြကြောင်း သိရသည်။
မိုင်းလုံးရပ်ကွက်တွင် နေထိုင်သော အသက် ၄၇ နှစ်အရွယ် သေဆုံးသူ ဦးကြံအောင် ခေါ် ဦးရှမ်းပု တွင် ဇနီးသည်နှင့်အတူ သမီး နှစ်ဦး၊ သား သုံးဦး ကျန်ရစ်ခဲ့ကြောင်းသိရသည်။
ထို့ပြင် မတ် ၁၉ ရက်က သပိတ်စစ်ကြောင်းဖြိုခွဲရာတွင် ဦးကြံအောင် ခေါ် ဦးရှမ်းပုနှင့်အတူ ပေါင်တွင် ကျည်ထိမှန်သွားခဲ့သော သားဖွားဆရာမတစ်ဦးမှာလည်း ဆေးကုသမှု ခံယူနေလျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်