
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်တွင် နယ်မြေခံတပ်ရင်းမှ အရာရှိ နှစ်ဦးနှင့် အခြားအဆင့် နှစ်ဦး အသတ်ခံရမှုဖြစ်ပွားခဲ့ကြောင်း မတ် ၂၀ ရက်တွင် တပ်မတော် သတင်းအမှန် ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါထုတ်ပြန်ချက်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နယ်မြေခံတပ်ရင်းမှ အရာရှိ ၂ ဦး၊ အခြားအဆင့် ၂ ဦးတို့သည် မတ် ၁၅ ရက် နံနက် ၆ နာရီခန့်တွင် ဖယ်ခုံမြို့ရှိ နယ်မြေခံတပ်ဌာနချုပ် သို့ အုပ်ချုပ်မှုကိစ္စများဆောင်ရွက်ရန်အတွက် Pajero အမျိုးအစား မော်တော်ယာဉ်အမှတ်၊ MDY- 7I /------ ယာဉ်ဖြင့်ထွက်ခွာခဲ့ရာ မွန်းလွဲ ၂ နာရီခွဲခန့်တွင် ဖယ်ခုံမြို့နယ်၊ ဖလိုင် တောင်ခြေ ကျေးရွာအနီးသို့အရောက်၌ အရပ်သား လူအုပ်စုနှင့်တွေ့ဆုံရကြောင်း တပ်ရင်းဌာနချုပ်သို့ ဖုန်းဆက်သွယ်မှု ပြုလုပ်ပြီးနောက် ဆက်သွယ်မှု ပြတ်တောက်သွားခဲ့ကြောင်း သိရသည်။
အဆိုပါ အရာရှိ၊ စစ်သည်များနှင့် ဆက်သွယ်မှုရရှိရေး နယ်မြေခံတပ်ရင်းများမှ မတ် ၁၆ ရက်မှစ၍ နည်းလမ်းမျိုးစုံဖြင့်စိစစ် ဖော်ထုတ်ခဲ့ရာ ဖလိုင်တောင်ခြေကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဆက်သွယ်မှုရရှိခဲ့ပြီး ၎င်းတို့ရွာသားများထိန်းသိမ်းထားကြောင်း သိရှိရသဖြင့် အဆိုပါ ထိန်းသိမ်းခံရထားရသည့် အရာရှိ၊စစ်သည်များအား ပြန်လည်ခေါ်ဆောင် နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက မတ် ၁၆ ရက်တွင်ပင် ဖလိုင်တောင်ခြေကျေးရွာသို့ ရောက်ရှိရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရွာတွင်းဝင်ရောက်မှုကိုလည်း ရွာသားအများစုက ပိတ်ဆို့ဆန့်ကျင်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့များက ညှိုနှိုင်းပြောဆို မှုကြောင့် ရွာတွင်းဝင်ရောက်ရှာဖွေခဲ့ရာ ဖမ်းဆီးခံရသူများ တွေ့ရှိရခြင်းမရှိသည့်အပြင် သတင်းဆက်ပါ ပျောက်ဆုံးခဲ့သဖြင့် ၎င်းကျေးရွာအနီးတစ်ဝိုက်မှ မသင်္ကာသူ ၂၀ ဦးခန့်အား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့သို့စစ်ဆေးမေးမြန်းမှုများဆောင်ရွက်စဉ် ကဖုကျေးရွာတွင် နေထိုင်သူ အန်ထောင်ညို ၏ ပြောပြချက်အရ မတ် ၁၅ ရက်တွင် လူတစ်စုက လူစိမ်းများအား ခေါ်ယူစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ မတ် ၁၆ ရက်တွင် ယင်းလူစိမ်း များအား လူတစ်စုက လယ်ထွန်ကျေးရွာ၏ အရှေ့မြောက်ဘက် တောင်ကုန်းပေါ်သို့ ၎င်းတို့စီးနင်းလာသည့် ယာဉ်နှင့်အတူ ခေါ်ဆောင်သွားကြောင်း ကြားသိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဖွဲ့များခွဲ၍ မတ် ၁၉ ရက်တွင် ရှာဖွေမှု များဆောင်ရွက်ခဲ့ရာ မွန်းတည့် ၁၂ နာရီခန့်တွင် ၃၅ ပေခန့်နက်သော ချောက်အတွင်း၌ ကား ၁ စီး မီးလောင်နေသည်ကို တွေ့ရှိရကြောင်း သိရသည်။
ယင်းကားမှာ ပျောက်ဆုံးနေသည့် အရာရှိ၊ စစ်သည်များ စီးနင်းလာသည့် မော်တော်ယာဉ်ဖြစ်ကြောင်းတွေ့ရှိရပြီး ၎င်းနေရာ တစ်ဝိုက်အား ဆက်လက်ရှာဖွေခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် အဝ ၅ ပေခန့်၊ အနက် ၄၀ ပေခန့်ရှိ ကျင်း ၁ ကျင်း အတွင်း၌ လက်ပြန်ကြိုးတုပ်ထားလျက်သေဆုံးနေသည့် အလောင်းများအား တွေ့ရှိရသဖြင့် အနီးဆုံးတပ်မတော် စစ်ဆေးရုံသို့ ပို့ဆောင်လျက် ရင်ခွဲစစ်ဆေးချက်နှင့်အတည်ပြုချက်ဆောင်ရွက်ခဲ့ရာ ပျောက်ဆုံးနေကြသည့် အရာရှိ၊ စစ်သည်များအား အရပ်ဝတ်ဖြင့် သတ်ဖြတ်ခဲ့ရခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
အဆိုပါ အုပ်ချုပ်မှုကိစ္စဆောင်ရွက်မည့် အရာရှိ၊ စစ်သည်များသည် လက်နက်ကိုင်ဆောင်ခြင်းမရှိဘဲ အရပ်ဝတ်၊ အရပ်ယာဉ်ဖြင့် တပ်ဌာနချုပ်သို့ ညောင်ရွေ-စံကား- မိုးဗြဲအင်း အရှေ့လမ်းကြောင်းအတိုင်းလာရောက်စဉ် ကားလမ်းဘေးရှိ ဖလိုင်တောင်ခြေ ကျေးရွာမှ စိစစ်ဖော်ထုတ်ဆဲ လူအုပ်စု၏ သတ်ဖြတ်မှုကို တွေ့ကြုံရခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်