တာမွေမြို့နယ်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခံရသဖြင့် သေဆုံး
24htopnews | January 6, 2025 6:12 AM CST

တာမွေမြို့နယ်တွင် အမျိုးသားတစ်ဉီး သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးမှု မတ် ၂၀ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့သည်။
မတ် ၂၀ ရက် နံနက်ပိုင်းမှ စတင်ကာ လုံခြုံရေး တပ်ဖွဲ့က တာမွေမြို့နယ်အတွင်းရှိ ရပ်ကွက်အချို့တွင် ပစ်ခတ်မှုများ ရှိခဲ့ပြီး မွန်းလွဲ ၁ နာရီကျော်ခန့်၌ ကျောက်ရေတွင်းလမ်းနှင့် မြို့သစ် (၂)လမ်းထောင့် တွင် အသက် ၂ဝ ကျော်အရွယ် အမျိုးသားတစ်ဦးမှာ ပစ်ခတ်ခံရမှုအတွင်း ဉီးခေါင်း ကျည်ထိမှန် သေဆုံးခဲ့ရသည်။
သေဆုံးသူ အမျိုးသားမှာ ဆန္ဒထုတ်ဖော်စဉ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း အခင်းဖြစ်ရာအနီး နေသူများ ပြောကြားချက်အရ သိရ သည်။
သေဆုံးသူ အမျိုးသား မှာ မင်္ဂလာတောင်ညွန့်မြို့နယ် ပုသိမ်ညွန့်ရပ်ကွက်ရှိ အဆောင်တွင် သူငယ်ချင်းများနှင့်အတူ နေထိုင်သူဖြစ်ကြောင်း သိရပြီး ၄င်း၏ မိဘများမှာ မင်္ဂလာဒုံမြို့တွင် နေထိုင်ကြကြောင်း သိရသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်