
တာမွေမြို့နယ် ရာပြည့်စျေးအနီး လမ်းများအတွင်းရှိ ရပ်နားထားသော မော်တော်ယာဉ်များသည် ယနေ့(မတ် ၂၀ ရက်) နံနက်ပိုင်းက ဘူဒိုဇာဖြင့် ဝင်တိုက်ခံရ၍ အစီးရေ ၈၀ ကျော် ခန့် ပျက်စီးခဲ့ကြောင်း ကားပိုင်ရှင်များ ၏ ပြောကြားချက်အရ သိရသည်။
ယင်းကြောင့် တာမွေမြို့နယ် တောင်မြင်းပြိုင်ကွင်းလမ်း၊ ၁၆၇ လမ်း၊ ၁၆၆ လမ်း၊ ၁၆၅ လမ်း တို့ရှိ ရပ်နားထားသော အိမ်စီးကားများ၊ လုပ်ငန်းသုံးကားများ၊ တက္ကစီများ ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ မနက်ပိုင်းတုန်းက ရဲတွေရော စစ်သားတွေရော ပါတယ်။ လမ်းထဲကိုဝင်လာတယ်။ သူတို့အနောက်မှာ ဘူဒိုဇာကားလည်း ပါတယ်။ အဲ့ဘူဒိုဇာနဲ့ လမ်းရှင်းမယ်ဆိုပြီး တိုက်ရှေ့တွေမှာ ရပ်ထားတဲ့ကားတွေနားက ပွတ်ဆွဲသွားတယ်။ တချို့နေရာတွေကျတော့ ပွတ်ဆွဲတာမဟုတ်ဘူး။ ဝင်တိုက်တာ၊ တွန်းချသွားတာမျိုးတွေ လုပ်သွားတယ်။ လမ်းပေါ်မှာရှိတဲ့ သူတွေကိုလည်း လမ်းထိပ်မှာကာထားတဲ့ သဲအိတ်တွေထမ်းခိုင်းပြီး လမ်းရှင်းခိုင်းတယ် ” ဟု ရပ်ကွက်နေ ယာဉ်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။
ထို့ပြင် လမ်းများအတွင်းသို့ ဘူဒိုဇာနှင့်အတူ လိုက်ပါလာသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အသံဗုံး နှစ်ချက်ခန့် ပစ်ဖောက်ခဲ့ကြောင်း ရာပြည့်စျေးအနီး နေထိုင်သူတစ်ဦးက ပြောကြားခဲ့သည်။
တောင်မြင်းပြိုင်ကွင်းလမ်းတွင် ယာဉ် ၁၅ စီးခန့်၊ ၁၆၇ လမ်းတွင် အစီး ၄၀ ခန့် ၊ ၁၆၆ လမ်းတွင် အစီး ၂၀ ခန့်၊ ၁၆၅ လမ်းတွင် ၁၀ စီးခန့် ပျက်စီးခဲ့ကြောင်း မေးမြန်းစုံစမ်းမှုများအရ သိရသည်။
ကားများတွင် လေကာမှန်များ ပျက်စီးခြင်း၊ မော်တော်ယာဉ်ကိုယ်ထည်များပျက်စီးခြင်း၊ မော်တော်ယာဉ် အရှေ့နှင့်အနောက် ဘန်ဘာများ ပျက်စီးခြင်းတို့ ဖြစ်ပွားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်