Top News

ပခုက္ကူမြို့ အမှတ် ၁ ရပ်ကွက်တွင် ညပိုင်း ဆန္ဒထုတ်ဖော်သူများအား ပစ်ခတ်ဖြိုခွင်းမှုအတွင်း အမျိုးသမီးတစ်ဦး သေဆုံး
24htopnews | January 6, 2025 6:12 AM CST

ပခုက္ကူမြို့ အမှတ် ၁ ရပ်ကွက်တွင် ညပိုင်း ဆန္ဒထုတ်ဖော်သူများအား ပစ်ခတ်ဖြိုခွင်းမှုအတွင်း အသက် ၃၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးသွားပြီး ၇ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

သေဆုံးသူ အမျိုးသမီးမှာ အမှတ် ၁ ရပ်ကွက်နေ  မမာလာဝင်း ဖြစ်ပြီး သေဆုံးချိန်တွင် သားသမီး သုံးဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။

" အလောင်းပြန်ရဖို့ ကျွန်တော်တို့ ကြိုးစားနေတယ်။ မနက် ၁၀ နာရီလောက်ကစပြီး ဘာကြောင့် သေဆုံးတယ် ဆိုတာကိုရင်ခွဲ စစ်ဆေးနေတယ်လို့ သိရတယ်။ မနက်ဖြန် မတ်လ ၂၁ မွန်းလွဲ ၃ နာရီလောက်မှာ နာရေး သဂြိုလ်ဖို့ တိုင်ပင်ထားတယ်။ ကျွန်တော့်ရပ်ကွက်က အမျိုးသား ၇ ဦး နဲ့ အမျိုးသမီး ၁ ဦး အဖမ်းခံရတယ်။ အဲထဲက မမာလာဝင်း သေဆုံးသွားပါတယ် ' ဟု လိုက်ပါ ကူညီဆောင်ရွက်ပေးနေသည့် ရပ်မိရပ်ဖတစ်ဦးက ပြောကြားသည်။


READ NEXT
Cancel OK