Top News

မြဝတီမြို့ မြောက်ဘက် ဇရပ်ဖြူကုန်း ကျေးရွာတွင် ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးကာ အများအပြားဒဏ်ရာရ
24htopnews | January 6, 2025 6:12 AM CST

ကရင်ပြည်နယ် မြဝတီမြို့နယ်မြောက်ဘက်  ဇရပ်ဖြူကုန်းကျေးရွာ ၊ဓမ္မာရုံတွင် မတ်လ ၁၉  ရက် ည ၈ နာရီခွဲခန့်က  ကျေးရွာတာဝန်ခံလူကြီးရွေးရန် အစည်းအဝေးပြုလုပ်စဉ် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူ သေဆုံးမှုများရှိခဲ့ကာ ဒဏ်ရရာရရှိသူအများအပြား ရှိကြောင်း သိရသည်။

 ဇရပ်ဖြူကုန်းကျောင်းဓမ္မာရုံတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ခန့်အပ်မည့် ကျေးရွာတာဝန်ခံလူကြီး ရွေးချယ်နိုင်ရန်အစည်းအဝေးပြုလုပ်နေစဉ် မည်သည့်အဖွဲ့ကမှန်း မသိသော လူတစ်စုမှ လာရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံကျေးရွာသားတစ်ဦးကပြောသည်။

""ဘယ်အဖွဲ့ကပစ်မှန်းတော့မသိဘူး။လက်နက်ငယ် ၃ လက်နဲ့ အတွဲလိုက် လာဝိုင်းပစ်တာ။ ထိခိုက်သေးဆုံးမှုတွေရှိတယ်၊ ဘယ်သူမှ သွားမဆွဲရဲသေးဘူး ။" ဟု ၎င်းကဆိုသည်။

ပစ်ခတ်မှုကြောင့်သေဆုံးသူနှစ်ဦးမှာ ဝှေ့ရှမ်းကျေးရွာနှင့် မဲ့ပလဲ့ ကျေးရွာစီမံအုပ်ချုပ်ရေးမှူး အသစ်တို့ဖြစ်ကြောင်းသိရသည်။

မတ်လ ၁၉ ရက်  ည ၁၀ နာရီထိ ရရှိသည့်သတင်းများအရ ယင်းပစ်ခတ်မှုဖြစ်စဉ်တွင် သေဆုံးသူ ၂ ဦး ရှိပြီး ထိခိုက်ဒဏ်ရာရသူ အများအပြား ရှိကာ ဒဏ်ရာပြင်းထန်သူတစ်ဦးလည်းပါဝင်ကြောင်း သိရသည်။


READ NEXT
Cancel OK