
(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး (ငြိမ်း) ဗိုလ်မှူးကြီး ကြည်မောင်၊ ပြန်ကြား ရေးဝန်ကြီးဌာနမှ စာရေးဆရာမကြီး ဒေါက်တာ မတင်ဝင်းနှင့် စာရေးဆရာ ဒေါက်တာ မင်း တင်မွန်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန မြန်မာသမိုင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာတိုးလှတို့အား ပြည်ထောင်စုစည် သူသင်္ဂဟဘွဲ့ဖြစ်သော စည်သူဘွဲ့ ချီးမြှင့်လိုက် ကြောင်း သိရသည်။
ထို့ပြင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးကြီး သက်ပိုင်မြင့် အား တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သော သူရဘွဲ့၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်ဇော်မင်းလတ်၊ ဗိုလ်ချုပ် မျိုးမင်းထွန်း၊ ဗိုလ်ချုပ် သန်းထိုက်တို့အပါအဝင် ဗိုလ်ချုပ် ၁၇ ဦး အား စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သော ဇေယျကျော်ထင်ဘွဲ့ ချီးမြှင့်အပ် နှင်းလိုက်ကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး ဥပဒေ ချုပ်ရုံးမှ တိုင်းဥပဒေချုပ်၊ နိုင်ငံတော်ဖွဲ့စည်း ပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အမြဲတမ်းအတွင်း ဝန် ဦးလှဌေး၊ ပြည်ထဲရေးဝန်ကြီးဌာန အမြဲ တမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးတို့ အပါအဝင် ၁၄ ဦးအား ဝဏ္ဏကျော်ထင်ဘွဲ့၊ အဆိုပညာရှင် ဗိုလ်မှူး ခင်မောင်လှ (ရဲဘော်ခင်မောင်လှ)အား အလင်္ကာကျော်စွာဘွဲ့၊ မြန်မာနိုင်ငံသ တင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာ တင် ထွန်းဦးနှင့် မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွား ကောင်စီဥက္ကဋ္ဌ ဒေါ်နွဲ့နွဲ့ခင်တို့အား သိပ္ပကျော် စွာဘွဲ့ ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။
ထို့ပြင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ် အောင်နေမျိုး၊ ဗိုလ်မှူးချုပ် ထွန်းထွန်းဝင်း၊ ဗိုလ်မှူးကြီး ကျော်စံဦး၊ ဗိုလ်မှူးကြီး ဖြူဝင်း၊ ဗိုလ်မှူးကြီး နိုင်ဝင်း၊ ဒုတိယဗိုလ်မှူးကြီး ရဲဝင်းထွန်း၊ ဒုတိယဗိုလ်မှူးကြီး ကောင်းမြတ်သူ၊ ဗိုလ်ကြီး ကျော်ကျော်ခန့်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးချုပ် မျိုးသူရနောင်တို့အား တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ် ဖြစ်သော သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ချီးမြှင့်အပ်နှင်းလိုက်ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ် ဖြစ်သော ရဲဗလတံဆိပ်အား ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာနမှ လုပ်သား ဦးနိုင်ဝင်းအား လည်းကောင်း၊ ရဲသူရိန်တံဆိပ်အား မြန်မာနိုင် ငံရဲတပ်ဖွဲ့မှ ဒုတိယရဲမှူး ဇော်ဝင်း၊ ဒုတိယရဲမှူး အောင်ကိုမင်း အပါအဝင် ၁၀ အား လည်း ကောင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သော်အား နိုင်ငံတကာစစ်ဘက်ပူး ပေါင်းဆောင်ရွက်မှုတံဆိပ် သီရိသီဟကျော် အားလည်းကောင်း ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။
ထို့ပြင် အဆိုပညာရှင် ဦးအုံးဖေ (မေမြို့ ခင်မောင်မြင့်) နှင့် ဆိုင်းပညာရှင် ဦးစိန်တင် ဟန် (ရွာစားကြီး စိန်တင်ဟန်) တို့အား အနုပ ညာထူးချွန်တံဆိပ် (ပထမအဆင့်) ကို လည်း ကောင်း၊ ဂီတအနုပညာရှင် ဦးဘို၊ သဘင်ပ ညာရှင် ဦးဝင်းကြည် (ဝဇီရာဝင်းကြည်)၊ ဒေါ် အောင်ညွန့်စိန် (ခ) ဒေါ်ညွန့်ညွန့်စိန်၊ ဦးရဲ ညွန့်တို့အား အနုပညာထူးချွန်တံဆိပ် (ဒုတိ ယအဆင့်) ကို လည်းကောင်း၊ တေးသံရှင် ဒေါ်ခိုင်ဝါ (ခ) မယ်သီတာ/သီတာထွန်းနှင့် ဒေါက်တာ လှမေဦး (ခ) ဆုရည်တို့အား အနုပ ညာထူးချွန်တံဆိပ် (တတိယအဆင့်)ကို လည်း ကောင်း ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်