Top News

၀င်ဘလေအထိ ဘယ်သူတွေ ခရီးဆက်နိုင်မလဲ
24htopnews | January 6, 2025 4:12 PM CST

အင်္ဂလန်ရဲ့ ပြည်တွင်းဖလားပြိုင်ပွဲ တစ်ခုဖြစ်တဲ့ လိဂ်ဖလားကတော့ ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိလာပါပြီ။ ဒီအဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ အသင်း ၄ သင်းကတော့ လီဗာပူးလ်၊ အာဆင်နယ်၊ စပါးနဲ့ နယူးကာဆယ်တို့ပါ။ ဒီပြိုင်ပွဲကို လက်ရှိအချိန်မှာ Carabao က စပွန်ဆာပေးထားတာကြောင့် Carabao Cup လို့လည်း ခေါ်ကြပါတယ်။ ဒီပြိုင်ပွဲမှာ ပရီးမီးယားလိဂ်၊ လိဂ်ချန်ပီယံရှစ်၊ League One နဲ့ League Two က အသင်းတွေ ယှဉ်ပြိုင်ကြရတာဖြစ်ပြီး ဒီရာသီမှာတော့ ကွာတားဖိုင်နယ်ရောက်ကတည်းက ပရီးမီးယားလိဂ်အသင်းတွေပဲ ကျန်ရစ်တာပါ။ ဆီမီးဖိုင်နယ်မှာတော့ အာဆင်နယ်နဲ့ နယူးကာဆယ်၊ လီဗာပူးလ်နဲ့ စပါးတို့ ဆုံတွေ့နေကြပြီး အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စနစ်နဲ့ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။


READ NEXT
Cancel OK