
COVID-19 ကပ်ရောဂါစတင်ဖြစ်ပွားချိန်ကစပြီး ဥရောပတွင် ရောဂါကူးစက်ခံရသူပေါင်း သန်း ၁၀၀ ကျော်ရှိလာခဲ့ကာ ယင်းသည် ကမ္ဘာတစ်ဝန်း ကူးစက်ခံရသူစုစုပေါင်း၏ သုံးပုံတစ်ပုံကျော်ရှိခဲ့သည်ဟု ဇန်နဝါရီ ၁ ရက်က ထုတ်ပြန်ခဲ့သည့် အေအက်ဖ်ပီ သတင်းဌာန၏ ကိန်းဂဏန်းများတွင် ဖော်ပြခဲ့သည်။
မကြာသေးမီလများအတွင်းက ဥရောပတိုက်တွင် ကပ်ရောဂါဗဟိုချက်တစ်ခု ထပ်မံပေါ်ပေါက်လာခဲ့ပြီး အလွန်ကူးစက်မြန် အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်ကြောင့် ရောဂါကူးစက်မှုများမြင့်တက်နေမှုနှင့် ရင်ဆိုင်နေရသည်။
အတ္တလန္တိတ်ကမ်းရိုးတန်းမှ အဇာဘိုင်ဂျန်နှင့် ရုရှားအထိ နိုင်ငံများနှင့် နယ်နိမိတ် ၅၂ ခုပါဝင်သည့် ဥရောပဒေသတွင် ပြီးခဲ့သည့်နှစ်နှစ်ကျော်အတွင်း COVID-19 ကူးစက်ခံရသူဦးရေ ၁၀၀,၀၇၄,၇၅၃ ဦးရှိခဲ့ သည်ဟု အေအက်ဖ်ပီသတင်းဌာနက တရားဝင်ထုတ်ပြန်ထားသည့် စာရင်းများကို စုစည်း ဖော်ပြခဲ့သည်။
ယင်းအရေအတွက်သည် ၂၀၁၉ ခုနှစ် ကုန်ပိုင်းက တရုတ်တွင် ကပ်ရောဂါစတင် ဖြစ်ပွားခဲ့ချိန်ကတည်းက ကမ္ဘာတစ်ဝန်းတွင် ကူးစက်ခံရသူ ၂၈၈,၂၇၉,၈၀၃ ဦး၏ သုံးပုံတစ် ပုံကျော်ပမာဏဖြစ်သည်။
ပြီးခဲ့သည့် ခုနစ်ရက်အတွင်းမှာပင် ဥရောပ၌ ကူးစက်ခံရသူ ၄.၉ သန်းကျော်ရှိပြီး နိုင်ငံများနှင့် နယ်နိမိတ် ၁၇ ခုတွင် သီတင်းတစ်ပတ်အတွင်း ရောဂါကူးစက်မှုအများဆုံး စံချိန်များအထိ ရောက်ရှိခဲ့သည်။
ပြင်သစ်နိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ရောဂါကူးစက်ခံရသူသစ် တစ်သန်းကျော်ရှိခဲ့ပြီး ယင်းသည် ပြင်သစ်၌ ကပ်ရောဂါစတင်ဖြစ်ပွားချိန်ကတည်းက ရောဂါကူးစက်ခံရကြောင်း ကြေညာခဲ့သည့် လူနာ စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းနှင့် တူညီနေသည်။
ထို့ပြင် လူ ၁၀၀,၀၀၀ စီတွင် ရောဂါကူးစက်မှုအချိုး အမြင့်ဆုံးနိုင်ငံများမှာလည်း ဥရောပ နိုင်ငံများပင်ဖြစ်သည်။ လူ ၁၀၀,၀၀၀ စီတွင် ရောဂါကူးစက်ခံရသူအချိုးအရ ဒိန်းမတ်တွင် ၂,၀၄၅ ဦး၊ ဆိုက်ပရပ်စ်တွင် ၁,0၉၆၉ ဦးနှင့် အိုင်ယာလန်တွင် ၁,၉၆၄ ဦးတို့ ဖြစ်သည်။
အေအက်ဖ်ပီ၏ တွက်ချက်ဖော်ပြမှုများမှာ တရားဝင်ထုတ်ပြန်ချက်များအပေါ် အခြေခံခဲ့ခြင်းဖြစ်ပြီး ရောဂါလက္ခဏာမပြသည့် လူနာများကဲ့သို့ စစ်ဆေးခြင်းမရှိဘဲ ကူးစက်ခံရသူများလည်း ရှိနိုင်သည်။
ဥရောပတွင် ရောဂါကူးစက်မှုများ မြင့်တက်နေသော်လည်း COVID-19 နှင့် ဆက်နွှယ်သည့် သေဆုံးမှုနှုန်းမှာမူ ကျဆင်းခဲ့သည်။
ဥရောပတွင် ပြီးခဲ့သည့် သီတင်းပတ်က ကိုရိုနာဗိုင်းရပ်စ်ကြောင့် နေ့အလိုက် ပျမ်းမျှ သေဆုံးသူ ၃,၄၁၃ ဦးရှိပြီး ယင်းမတိုင်မီ တစ်ပတ်ကျော်ကထက် သေဆုံးမှုနှုန်းမှာ ခုနစ်ရာခိုင်နှုန်းကျဆင်းခဲ့သည်။ ဥရောပတွင် ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် နေ့အလိုက်သေဆုံးမှုနှုန်း အမြင့်ဆုံးမှာ ပြီးခဲ့သည့် ဇန်နဝါရီလက ဖြစ်ခဲ့ပြီး ယင်းအချိန်က နေ့အလိုက်သေဆုံးသူ ၇,၅၃၅ ဦးခန့် ရှိခဲ့သည်။
ဥရောပတွင် နေထိုင်သူများသည်လည်း လက်ရှိတွင် ကမ္ဘာတစ်ဝန်းကာကွယ်ဆေး ထိုးနှံမှုပျမ်းမျှအခြေအနေထက် ပိုမိုများပြားခဲ့သည်။
ဥရောပတိုက်သား ၆၅ ရာခိုင်နှုန်းမှာ ကာကွယ်ဆေး တစ်လုံးထိုးနှံပြီးစီးခဲ့ပြီး ၆၁ ရာခိုင်နှုန်းမှာ ကာကွယ်ဆေး အပြည့်အဝထိုး နှံပြီးစီးခဲ့ကာ ကမ္ဘာတစ်ဝန်းတွင် ကာကွယ် ဆေးထိုးနှံမှု ပျမ်းမျှနှုန်းဖြစ်သည့် ၅၈ ရာခိုင်နှုန်းနှင့် ၄၉ ရာခိုင်နှုန်းတို့ထက် ပိုမိုများပြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်