Top News

ထိုင်းနိုင်ငံဘက်သို့ တရားမဝင် ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၂၄ ဦး ဖမ်းဆီးခံရ
24htopnews | January 6, 2025 5:12 PM CST

မြန်မာ-ထိုင်းနယ်စပ် မြဝတီ-မဲဆောက် လမ်းမှတစ်ဆင့် ထိုင်းနိုင်ငံဘက်သို့ တရားမ ဝင် ဝင်ရောက်ခဲ့သူ မြန်မာနိုင်ငံသား၂၄ ဦးကို ခေါ်ဆောင်လာသူ ထိုင်းနိုင်ငံသားနှစ်ဦးနှင့် အတူ မဲဆောက်မြို့အထွက် စုပေါင်းစစ်ဆေး ရေးဂိတ်တွင် ဇန်နဝါရီ ၅ ရက် နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထိုင်းတာဝန်ရှိသူများ ပါဝင်သည့် စုပေါင်း စစ်ဆေးရေးဂိတ်တွင် ထိုင်းနိုင်ငံသား မောင်း နှင်သည့် ံငညသ ကားအား စစ်ဆေးရာမှ ကား နောက်တွဲ၌ လိုက်ပါလာသည့်  မြန်မာနိုင်ငံသား များကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများ တွင် အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ခုနစ်ဦး ပါဝင်ပြီး ပွဲစားခအဖြစ် တစ်ဦးလျှင် ဘတ်ငွေ နှစ်သောင်းကျော်ပေးပြီး လာခဲ့ကြသူများ ဖြစ် ကြောင်း သိရသည်။

မြန်မာနိုင်ငံသားများအား တရားမဝင် ခေါ်ဆောင်လာသူ ထိုင်းနိုင်ငံသား ယာဉ်မောင်း နှင့် ထိုင်းနိုင်ငံသူတစ်ဦးတို့သည် တာ့ခ်ခရိုင် ဝမ်ချောင်ခရိုင်တွင် နေထိုင်သူများဖြစ်ပြီး တ ရားမဝင် ဝင်ရောက်လာသူ မြန်မာအလုပ်သ မားများနှင့်အတူ ဖမ်းဆီးခံခဲ့ရသည်။

ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများ အား တရားစွဲဆို အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဘက်မှလာသော သတင်းများအရ သိရသည်။

 


READ NEXT
Cancel OK