
မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက်ရှိ တောင်ဝိုင်းတောင်အဆင်းလမ်းတွင် ဇန်နဝါရီ ၁ ရက်က ညနေ ၅ နာရီအချိန်ခန့်က Light Truck အမျိုးအစားယာဉ်တစ်စီးအရှိန်ကာ ချောက်ထဲထိုးကျခဲ့ရာမှ ယာဉ်ပေါ်လိုက်ပါလာသူ ၁၁ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများရှိခဲ့ကြောင်း Bo Bo Win Rescue Team ထံမှ သိရသည်။
မော်လမြိုင်မြို့ ကျောက်တန်းစက်မှုဇုန်ရှိ လုပ်ငန်းခွင်တစ်ခုမှ ပန်းရံသမားများလိုက်ပါလာသော အဆိုပါ Light Truck အမျိုးအစား မော်တော်ယာဉ်မှာ တောင်ဝိုင်းတောင်ပေါ်မှ တောင်ဝိုင်းတောင်အဆင်းလမ်းအတိုင်း ဆင်းလာစဉ် စစ်ဆေးဂိတ်အနီးလမ်းကွေ့နေရာတွင် အရှိန်လွန်ကာ လမ်းဘေးရှိချောင်ထဲသို့ ထိုးကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း Bo Bo Win Rescue Team မှ ကိုဘိုဘိုဝင်းက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “ယာဉ်မောင်းက ပန်းရံအဖွဲ့ခေါင်းဆောင်လို့ သိရပါတယ်။ Light Truck ယာဉ်ပေါ်မှာက ကလေးတစ်ယောက် နဲ့ ယာဉ်မောင်းအပါအဝင် ကျား/မ ၁၆ ဦး လိုက်ပါလာတယ်။ ယာဉ်ကချောက်ထဲထိုးကျမှုဖြစ်ပွားခဲ့လို့ ယာဉ်ပေါ်လိုက်ပါလာသူ ကျား/မ ၁၁ ဦး ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပါတယ်။ အနီရောင်အဆင့် လူနာတွေတော့ မပါဘူး အများအားဖြင့် ပွန်းပဲ့ဒဏ်ရာတွေရခဲ့ကြပါတယ်” ဟု ပြောကြားသည်။
ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား Bo Bo Win Rescue Team မှ လိုအပ်သည့် ပြုစုကုသမှုများ လုပ်ဆောင်ခဲ့ပြီးနောက် လူနာတင်ယာဉ်များဖြင့် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၃၁ ရက် ညပိုင်းအချိန်ကလည်း မော်လမြိုင်မြို့ ဈေးကြိုနယ်မြေအတွင်း ယာဉ်မတော်တဆမှု နှစ်ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Bo Bo Win Rescue Team ထံမှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်