
လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုလျော့နည်းလာသဖြင့် လေးနာရီ မီးလာ၊ ရှစ်နာရီမီးပျက်စနစ်ဖြင့် အုပ်စုသုံးစုခွဲကာ ရန်ကုန်မြို့တွင် လျှပ်စစ်မီးပေးနေရကြောင်း သိရသည်။
၂၀၂၅ ခုနှစ် နှစ်စပိုင်းမှာပင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု တစ်ရက်လျှင် မဂ္ဂါဝပ် ၂၀၀၀ အောက်သာ ထုတ်လုပ်နိုင်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ထုတ်ပြန်ထားချက်များအရ သိရသည်။
ဇန်နဝါရီ ၅ ရက်မှ စတင်ကာ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များတွင် အုပ်စု A၊ အုပ်စု B၊ အုပ်စု C ဟု အုပ်စုသုံးစုခွဲခြားကာ လေးနာရီမီးလာ ရှစ်နာရီမီးပျက်ပုံစံဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေခြင်းဖြစ်သည်။
“အခုကတော့ မနေ့ကစပြီး လေးနာရီလာ ရှစ်နာရီပျက်ဖြစ်နေပြီ။ မနက် ၉ နာရီလာရင် ၁ နာရီ ပျက်တယ်။ ၁ နာရီကနေ ည ၉ နာ ရီအထိ ပျက်တယ်။ ဒါပေမဲ့လာမယ့် လေးနာရီမှာလည်း မီးကပျက်တာပဲ။ ရုံးကိုမေးရင်လည်း ဝန်အားလျှော့နေလို့ ခဏပျက်တာလို့ပဲ ပြောတယ်။ လာရမယ့်လေးနာရီကိုတောင်အပြည့် မလာဘူး။ အခုက အဲ့ဒီလိုဖြစ်နေတယ်။ ဘယ်အုပ်စုထဲ ပါသလဲဆိုတာကတော့ ကိုယ်လည်း မသိဘူး။ မနေ့ကတော့ မီးလာချိန် ပျက်ချိန်ကို တွက်ကြည့်တော့ လေးနာရီလာ ရှစ်နာရီပျက်တာကတော့ ကျိန်းသေတယ်” ဟု မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။
လျှပ်စစ်မီးပြတ်တောက်မှုမှာ ယခင်က ထက်ပိုမိုများပြားလာခဲ့ပြီး ယခင်က အုပ်စု နှစ်စု ခွဲခြားကာ မီးပေးခဲ့သော်လည်း ဝန်အား မနိုင်ခြင်းများကြောင့် အုပ်စုသုံးစုသို့ ထပ်မံလျှော့ချခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။
နေပြည်တော် လယ်ဝေးမြို့တွင်မူ အုပ်စုနှစ်စု ခွဲခြားထားပြီး လေးနာရီမီးလာ လေးနာရီမီးပျက်စနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် အမြင့်ဆုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုမှာ ၁၇၃၇ ဒသမ ၁ မဂ္ဂါဝပ်၊ ဇန်နဝါရီ ၂ ရက်တွင် အမြင့်ဆုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုမှာ ၁၉၇၆ ဒသမ ၅ မဂ္ဂါဝပ်၊ ဇန်နဝါရီ ၃ ရက် တွင် အမြင့်ဆုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုမှာ ၁၈၀၅ ဒသမ ၇ မဂ္ဂါဝပ်၊ ဇန်နဝါရီ ၄ ရက်တွင် အမြင့်ဆုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုမှာ ၁၈၀၆ ဒသမ ၇ မဂ္ဂါဝပ်၊ ဇန်နဝါရီ ၅ ရက်တွင် အမြင့်ဆုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုမှာ ၁၇၀၁ ဒသမ ၇ မဂ္ဂါဝပ်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်