Top News

မြစ်ကြီးနားမြို့တွင် နေ့ဘက်၌ပင် အုပ်စုလိုက်လုယက်မှုများ ရှိလာ
24htopnews | January 7, 2025 5:12 AM CST

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် နေ့ခင်းဘက်၌ပင် အုပ်စုလိုက်လုယက်မှုများရှိလာကြောင်း မြင်တွေ့ခဲ့သူများ၏ ပြောကြားချက်အရ သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလနောက်ဆုံးပတ်က မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံရပ်ကွက် ဂေါက်ကွင်းအလွန်တွင် အမျိုးသမီးငယ်တစ်ဦး စီးနင်းလာသည့်ဆိုင်ကယ်ကို အမျိုးသားခုနစ်ဦးခန့်ပါဝင်သည့် အဖွဲ့က နေ့လယ်ပိုင်းတွင် လမ်းပေါ်၌လုယက်သွားကြောင်း မြင်တွေ့ခဲ့သည့် လက်သမားဆရာတစ်ဦးက ပြောကြားသည်။

ပေါ်တင်ပဲ လမ်းပိတ်ပြီးလုသွားတာ။ ဓားမြှောင်လောက်တော့ပါမှာပေါ့။ မိန်းကလေးက ကြောက်ပြီးငိုပြီး ကျန်ရစ်တယ်။ လူအုပ်များတော့ ကျွန်တော်တို့လည်း သွားမပြောရဲဘူး။  အိမ်တွေမှာ လူမရှိရင် ရေမော်တာစက်တွေပျောက်၊ ပစ္စည်းတွေပျောက်က ရပ်ကွက်တိုင်းဖြစ်နေတာဟု အဆိုပါလက်သမားဆရာ က ဆိုသည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီ ရက်ကလည်း အမျိုးသားတစ်ဦးသည် ကြက်ပေါင်ခြံရပ်ကွက်မှ ဂျာမိုင်ကောင်းရပ်ကွက်ရှိ အမျိုးတစ်ဦး၏အိမ်သို့သွားချိန် လမ်းသွယ် ၂၄ အရောက်တွင်

အမျိုးသားသုံးဦးက ဆိုင်ကယ်တစ်စီးဖြင့် ရှေ့မှပိတ်ရပ်ကာ ဓားထောက်ပြီး ဆိုင်ကယ်နှင့်ငွေနှစ်သိန်းကျော်ကို လုယက်သွားကြောင်း လုယက်ခံရသူ၏ဆွေမျိုးတစ်ဦးက ပြောကြားသည်။

ဖြစ်တာက ညပေါ့။ နာရီလောက်ဖြစ်မယ်။ ဆိုင်ကယ်ကသူများဆီက ငှားလာတဲ့ ဘက်ထရီဆိုင်ကယ်ပါ။ ဝယ်ထားတာလည်း နှစ်ရက်လောက်ရှိသေးတယ်။ ဘယ်လိုရှင်းကြမယ်မသိဘူး။ ဘက်ထရီဘီးကလည်း သိန်း ၆၀ လောက် စျေးပေါက်နေတာဟု က ပြောကြားသည်။

၂၀၂၃ နှင့် ၂၀၂၄ ခုနှစ်အတွင်း ကချင်ပြည်နယ်တွင် ဖားကန့်၊ မိုးညှင်း၊ ဝိုင်းမော်၊ဗန်းမော်မြို့များတွင် ဓားပြတိုက်မှုများ ဖြစ်ပွားခဲ့ပြီး ဖားကန့်ဒေသတွင် ရွှေဆိုင်ဓားပြတိုက်မှု ငါးမှုထက်မနည်းဖြစ်ပွားခဲ့သည်။

               


READ NEXT
Cancel OK